
နေပြည်တော် မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကောရဗျကျေးရွာရှိ သံဃာတော် များနှင့် ဒေသခံပြည်သူ ၆၇ ဦးတို့ကို အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် တည်ပင် ကန်ပေါက်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၆၂ ဦးတို့ကို အဆိုပါကျေးရွာရှိ ရတနာ့ဂုဏ်ရည်ကျောင်းတိုက်၌ လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော် များနှင့် ဒေသခံပြည်သူများကို သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင် ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်