
နေပြည်တော် ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်အတွင်းရှိ သံဃာတော်များ နှင့် ဒေသခံပြည်သူများအား အနောက်မြောက်တိုင်း စစ်ဌာန ချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့ က ယနေ့တွင် ဇီးတောကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ကျန်းမာရေး
စောင့်ရှောက်မှုပေး
တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော်များနှင့် ဒေသခံပြည်သူ ၆၇ ဦးအား သွေးတိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်း မာရေးစောင့်ရှောက်မှု ဆောင်ရွက် ပေးသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က ယနေ့တွင် မဟာအောင်မြေမြို့နယ် သံလျက် မှော်အရှေ့ရပ်ကွက် အဝေရာရာမ ရန်ကင်းကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ကျန်းမာရေးလုပ်ငန်းများ
ဆောင်ရွက်ပေး
တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော် ၉၆ ပါးနှင့် ဒေသခံပြည်သူ ၁၁၇ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချို ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် သံဃာတော်အပါး ၆၀ နှင့် ဒေသခံပြည်သူ ၁၂၇ ဦးတို့ကို လည်း တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာ ရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို သက်ဆိုင်ရာ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်