မုံရွာမြို့၊ မော်လမြိုင်မြို့နှင့် ပုသိမ်မြို့တို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု   ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား   ယနေ့ မွန်းလွဲပိုင်းတွင်     ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး      တေဇကျော်၊ အနောက်မြောက်တိုင်း   စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် နှင့်အဖွဲ့ဝင်များက   သွားရောက် ကြည့်ရှုပြီး  တစ်ဦးချင်း၏  ရောဂါ ဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထား မှုနှင့်      ကျန်းမာရေးတိုးတက် ကောင်းမွန်မှုများကို ရင်းရင်းနှီးနှီး    မေးမြန်း    အားပေးစကားပြော ကြားပြီး  စားသောက်ဖွယ်ရာများ          ပေးအပ်သည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး    တေဇကျော်နှင့်  အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 


အလားတူ     ရှမ်းပြည်နယ် (မြောက်ပိုင်း)     လားရှိုးမြို့ရှိ နယ်မြေခံ     တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်        မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ       နယ်မြေခံဆေးတပ်ရင်းတို့ တွင်  တက်ရောက်ဆေးကုသမှုခံ ယူလျက်ရှိသော အရာရှိ၊  စစ်သည်၊   မိသားစုများနှင့်    ဒေသခံပြည်သူ များအား   သက်ဆိုင်ရာ  တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့်    တာဝန်ရှိသူများက  သွား ရောက်ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု  အခြေအနေများကို ရင်းရင်းနှီးနှီး          မေးမြန်းအားပေး စကားပြောကြားပြီး    စားသောက် ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက်    တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး      လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်