
မုဒုံ ဧပြီ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားအစီအစဉ်ပါဝင်သူများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ယိမ်းအကအလှအဖွဲ့ ခြောက်ဖွဲ့တို့မှ မြူမှောင်ဝေကင်းနှင့်မန်းတောင်ရိပ်ခို တေးသီးချင်း နှစ်ပုဒ် ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ကျင်းပရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)