မရမ်းကုန်းမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပသည့်(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၂၈


ဗုဒ္ဓဘာသာ  ကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပသည့် (၁၀၁) ကြိမ် မြောက် အမျိုးသားအောင်ပွဲနေ့  အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ   ဇမ္ဗူသီရိဗိမာန်တော်၌   ကျင်းပရာ   ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်    တိုင်းမှူး      ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၊    နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော်    ဝန်ကြီးချုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝ     အသင်းကြီး၏ ရာသက်ပန် နာယကကြီး၊ သတိုးသီရိအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ   မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်ထံမှ  ပေးပို့ သော သဝဏ်လွှာအား ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ  မဟာမင်္ဂလ ဓမ္မ    ဇောတိကဓဇ      ဒေါက်တာအောင်မင်း ကျော်သူက     ဖတ်ကြားသည်။     ထို့နောက်  ဗုဒ္ဓဘာသာ  ကလျာဏယုဝအသင်း   (ဗဟို) ဥက္ကဋ္ဌ       အဂ္ဂမဟာမင်္ဂလဓမ္မ     ဇောတိကဓဇ            ဦးရဲထွန်းက   အမျိုးသားအောင်ပွဲနေ့အကြောင်း ပြောကြားကာ  ဘွဲ့တံဆိပ်တော်များ  ချီးမြှင့်သည်။

 


ဆက်လက်၍   ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)၏ ၂၀၂၂-၂၀၂၄ အတွက် လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်မည့် အလုပ်မှုဆောင် အမည် စာရင်း     ကြေညာခြင်းနှင့်    ကျမ်းသစ္စာပြုခြင်းကို ဆောင်ရွက်ကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌ အသစ်အဖြစ် ပြန်လည်တင်မြှောက် ခြင်း ခံရသော  ဦးရဲထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဇာတိမာန်သီချင်းအား စုပေါင်းသီဆို၍    အခမ်းအနားကို    အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်