Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အပိုဆောင်းထိုးနှံရာတွင် သုံးစွဲရေး ဂျပန်အတည်ပြု

တိုကျို   ဒီဇင်ဘာ  ၁၆


ဂျပန်နိုင်ငံ၌ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    အပိုဆောင်းထိုးနှံရာတွင် သုံးစွဲရန်   ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း သိရသည်။ 


Moderna  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးသည်  Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပြီးနောက် ဂျပန်နိုင်ငံ တွင် အပိုဆောင်းထိုးနှံရန် ခွင့်ပြုခဲ့သော ဒုတိယမြောက်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးဖြစ်သည်။ Moderna ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးကို  ဂျပန်နိုင်ငံရှိ အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံရာ၌     အသုံးပြုသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးနောက်  ခြောက်လအကြာတွင်  ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။   ယင်းကာကွယ်ဆေးအား  အပိုဆောင်း ထိုးနှံရာ၌  ပထမအကြိမ်နှင့်  ဒုတိယ အကြိမ်      ထိုးနှံပေးသောဆေးပမာဏ၏ ထက်ဝက်ကိုသာ ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပြောကြားသည်။


 Moderna ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအပိုဆောင်းထိုးနှံခြင်းအား လုပ်ငန်း ခွင်များ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်း များနှင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး ထိုးစင်တာများ၌      မတ်လမှစတင်၍ ဆောင်ရွက်သွားမည်     ဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက  ပြောကြား သည်။  Pfizer  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူများသည်လည်း Moderna ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးဖြင့်  အပိုဆောင်းထိုးနှံမှု    ခံယူနိုင်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၌ ယခုလအစောပိုင်း တွင် ကျန်းမာရေးဝန်ထမ်းများအား Pfizer ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေးဖြင့်     ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။  Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများအား နိုင်ငံအတွင်းရှိ   ဒေသ ဆိုင်ရာ         ကျန်းမာရေးဝန်ထမ်းများ အပိုဆောင်းထိုးနှံမှု  ခံယူနိုင်ရေးအတွက် ဖြန့်ဖြူးပေးရန်  ကျန်းမာရေးဝန်ကြီးဌာန က       ဒေသန္တရတာဝန်ရှိသူများအား ညွှန်ကြားထားသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ