
မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး Mr. Yang Jun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဧပြီ ၂၅ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်း ရေးမှူး၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲပါတီ ကော်မတီ အတွင်းရေးမှူး Mr. Yang Jun နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မန္တလေး မြို့သာစက်မှု ဥယျာဉ်မြို့တော်တည်ဆောက်ရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ ကုန်စည်စီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာများ ကူညီထောက်ပံ့ပေးရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန် များ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ နှင့် နှစ်နိုင်ငံလူမှုစီးပွား ပိုမိုတိုးတက်လာစေရေး အတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ကြသည်။
သတင်းစဉ်