
နေပြည်တော် ဒီဇင်ဘာ ၁၃
CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့အစည်း များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများ တွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများကို အကြောက် တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက် မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်း များ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများကို လုယက်ခြင်း စသည့် အဖျက် အမှောင့်လုပ်ငန်းများကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ် (၆၂) လမ်း၊ (၁၀၄) လမ်းနှင့် (၁၀၅) လမ်းကြား၌ သူနာပြုဆရာမ တစ်ဦး နှင့် ၎င်း၏ ခင်ပွန်းတို့ကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် (၁၁၃) လမ်း ၅၆(A)လမ်းနှင့် ၅၆(B)လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပြည်သူတစ်ဦးကို လည်းကောင်း၊ ချမ်းမြ သာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် (၅၆) လမ်း၊ (၁၀၆) လမ်းနှင့် (၁၀၇)လမ်း၌ သံဃာတော်များ အရုဏ်ဆွမ်းခံကြွနေစဉ် ကပ္ပိယ ကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်သူကိုလည်းကောင်း သေနတ် များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးရမိ
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သော အကြမ်းဖက် အဖွဲ့များကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ် (၅၅)လမ်းနှင့် (၁၁၄) လမ်း၌ အကြမ်းဖက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ရန်ရည်ရွယ်၍ “ဒလန်သတင်းပေးရှင်းလင်းမည့်အစီအမံ များ၊ လူမှုကွန်ရက်ပေါ်တွင် ဒလန်ရှင်းလင်းရန်နှင့် အကြမ်းဖက် ဆောင်ရွက်ရန်” ဟု တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုထားသည့် စာသားများ စစ်ဆေးတွေ့ရှိခဲ့သည်။
သိမ်းဆည်းရမိ
ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် (၄၂)လမ်း၊ (၆၁) လမ်းနှင့် (၆၂) လမ်းကြား ရှိ သွပ်မိုး/ထရံကာ နှစ်ထပ်နေအိမ်တွင် အထက်ပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအတွက် အောင်ပွဲခံရန် စုဝေးလျက်ရှိကြောင်း သိရှိရသဖြင့် ည ၉ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်းဖက်များ သည် နေအိမ်အတွင်းမှ ပစ္စတိုသေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူ ခုနစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် ငါးခု၊ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့်ယမ်း လေးခု၊ ဒီတိုနေတာ သုံးခု၊ အဝေးထိန်းခလုတ် သုံးခုနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်။
လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး
ဖမ်းဆီးရမိသူ ထပ်မံထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ် (၁၁၇)လမ်း၊ (၅၁) လမ်းနှင့် (၅၂)လမ်းကြားရှိ ပျဉ်ထောင်သွပ်မိုးနှစ်ထပ် နေအိမ်တွင် PDF အမည်ခံ အကြမ်းဖက်ဝင်များ ရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် ည ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ PDF အမည်ခံအကြမ်းဖက်သူ တစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံအကြမ်းဖက်သူများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေမှုများ ထပ်မံမဖြစ်ပွားစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တာဝန်သိပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်