မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမ တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမား တရားခံ အောင်နိုင်မြင့်၏ ဝန်ခံပြောကြားချက်

ကျွန်တော်ကတော့   မန္တလေး  PDF  မှ အောင်နိုင်မြင့် ဖြစ်ပါတယ်။      ချမ်းမြ သာစည်မြို့နယ်မှာ         နေပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေး PDF အဖွဲ့ ခေါင်းဆောင်တွေရဲ့   စေခိုင်းချက်အရ ကျွန်တော်က ဒလန်ရှင်းလင်းရေးတွေမှာ  အဓိကထားပြီး     လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ   ကျွန်တော် တို့က အဓိကအားဖြင့် အုပ်ချုပ်ရေးမှူးရုံး တွေ၊    နိုင်ငံ့ဝန်ထမ်းလုံခြုံရေးပေးတဲ့ အဓိကအဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း  ရပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက်ကို  နယ်မြေအတွင်းထဲမှာ အဖွဲ့တွေခွဲပြီးတော့ အခြေအနေပေးရင်ပေးသလို ကျွန်တော် တို့ လုပ်ဆောင်ရတာပါခင်ဗျ။ ဒီနေ့မှာ တော့   ကျွန်တော်တို့အဖွဲ့က   သူနာပြု ဆရာမဖြစ်တဲ့   ချမ်းမြငြိမ်းနဲ့     သူ့ ယောက်ျားကို    လုပ်ကြံခဲ့တာပါခင်ဗျ။ အဓိကအဖွဲ့ကတော့ ကိုတေမိ၊ ရဲရဲ၊ ပါကျဲ  တို့   သုံးဦးပေါင်းပြီး   လုပ်ခဲ့ကြတာပါ။ အောင်ပင်လယ်ဘက်မှာတော့ သံဃာတော် နဲ့အတူ   ဆွမ်းခံကြွချိန်လိုက်ပါလာတဲ့ ပရဟိတလုပ်တဲ့   ကိုဇော်စိုင်းဝင်းအား ကိုဖြိုးဝေအောင်၊  ကိုနိုင်မင်းထွေးတို့က လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။ ပြည်ကြီး တံခွန်ဘက်မှာတော့    အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းဟန်ကိုလည်း        မနက်က ရှမ်းခေါက်ဆွဲစားနေချိန် နဂိုကတည်းက စောင့်ဆိုင်းနေတာပါ။ ကျွန်တော်တို့က ကိုသက်ပိုင်သူ၊  ကိုသိန်းသန်းအောင်တို့က   ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။    မြို့တွင်း ပစ်ခတ်မှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ  မန္တလေးမြို့ လမ်းဆုံ၊ လမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေနေချိန်မှာ ကျွန်တော့်ကို ဖမ်းဆီးရမိခဲ့တာပါ။ ဒီလို ဖမ်းဆီးခံရပြီး တဲ့နောက်ပိုင်းမှာ ကျွန်တော့် ဖုန်းကို စစ်တဲ့အခါမှာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ၊   လုံခြုံရေးအဖွဲ့ဝင်တွေ၊    ဒလန်ရှင်းလင်းရေး     အစီအမံတွေကို လုံခြုံရေးအဖွဲ့ဝင်တွေက   ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ စစ်ဆေးချက်အရ ကျွန်တော် တို့ PDF အဖွဲ့ဝင်နေရာတွေကို  လိုက်ပြဖို့ ပြောတာကြောင့် အောင်ပွဲခံတဲ့နေရာကို       ကျွန်တော်ကိုယ်တိုင် လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့အတူ    လိုက်ပြပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေ (၆၁) လမ်း X (၆၂) လမ်း၊ (၄၂) လမ်းကို ရောက်ရှိခဲ့တဲ့အခါမှာ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အခါမှာ နေအိမ် အတွင်းကနေ သေနတ်တွေ၊ လက်ပစ်ဗုံး တွေနဲ့  ပြန်လည်ပစ်ခတ် ခဲ့ပါတယ်။ အဲဒီ အခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း အပြင်း အထန်ဒဏ်ရာရရှိခဲ့ပါတယ်။ PDF အဖွဲ့ဝင် ရှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ တကယ် တော့   ကျွန်တော်တို့အဖွဲ့ရဲ့  ပစ်ခတ် သတ်ဖြတ်မှုကြောင့်   သေဆုံးသွားတဲ့ မိသားစုဝင်တွေ ပူဆွေးသောက ရောက်ခဲ့ သလိုပဲ ကျွန်တော်တို့လည်း ကံ၊  ကံ၏ အကျိုးခံစားနေရတယ်လို့ပဲ မှတ်ယူပါ တယ်။ ကျွန်တော်တို့ ဘဝနဲ့ယှဉ်ပြီးတော့  ရခဲ့တဲ့သင်ခန်းစာတွေက PDF အဖွဲ့တွေကို ပြောချင်တာကတော့    ဥပဒေရဲ့အကာ အကွယ်ဟာ ပြည်သူတွေအတွက် အလုံခြုံ ဆုံးပဲလို့  ပြောချင်ပါတယ်ခင်ဗျ။