မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းရင်းဆေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

 

မန္တလေး   ဇူလှိုင်    ၂၃


မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်ရှိ       တိုင်းရင်းဆေး တက္ကသိုလ်၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို       အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်     ယနေ့ နံနက်ပိုင်းက           ကျင်းပရာ တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီး များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူ များတက်ရောက်ကြသည်။ 

 


အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က      နှုတ်ခွန်းဆက် စကားပြောကြားရာ နိုင်ငံတော်၏ အမျိုးသားကျန်းမာရေး  စီမံချက် များတွင်      မြန်မာ့တိုင်းရင်းဆေး ပညာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု  လုပ်ငန်းများတွင်      တိုင်းရင်းဆေး ပညာကို     အနောက်တိုင်းဆေး ပညာနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရန်ဆိုသည့် တက္ကသိုလ်၏ရည်မှန်း ချက်များ    ပေါက်မြောက်အောင် ဝိုင်းဝန်းကြိုးစား       ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း      ပြောကြားခဲ့သည်။

 


ယင်းနောက်   တိုင်းရင်းဆေး တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၏        တေးသီချင်းသရုပ်ဖော် အကများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေ သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း၂၀ နှင့် တက္ကသိုလ်များ အားကစားအဆင့်အတန်း မြင့်မား ရေးအတွက်    အားကစားပစ္စည်း များကို ပေးအပ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်         အဖွဲ့သည် တိုင်းရင်းဆေးတက္ကသိုလ် ပြခန်း အတွင်း   လှည့်လည်ကြည့်ရှုပြီး နောက် အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်၊    ပါမောက္ခ ချုပ်၊    ပါမောက္ခ  (ဌာနမှူး)  များ၊ သင်ကြားရေး    ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်        တွေ့ဆုံကာ ကျောင်း၏       လိုအပ်ချက်များ၊ ဆရာ ဆရာမများ၏ အခက်အခဲ များကို        ဖြေရှင်းဆောင်ရွက် ပေးသည်။

 


ယခု တိုင်းရင်းဆေးတက္ကသိုလ် ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ယနေ့အချိန်အထိ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(B.M.T.M)     ပုံမှန်ဘွဲ့ရရှိသူ     ၁၄၆၈ ဦး၊     (B.M.T.M)   ပေါင်းကူးဘွဲ့ရရှိ သူ    ၁၈၀၊    မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့  (M.M.T.M) ရရှိသူ  ၈၇     ဦးတို့ကို    မွေးထုတ်ပေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်