
နေပြည်တော် အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၈ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် မိုးကုတ် - ပြင်ဦးလွင်သွား ကား လမ်း၊ ဆင်စားကုန်းကျေးရွာ အနီးတွင် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ငွေအောင် မောင်းနှင်ပြီး မင်းမင်း လိုက်ပါလာ သည့် Dongfeng ခြောက်ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေ အိတ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်နှင့် ကက် တမင်းတို့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရခိုင်ပြည်နယ် သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်