
နေပြည်တော် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ကန်ကျေးရွာအနီး ၌ အရပ်ဘက်မော်တော်ယဉ်တစ်စီး အား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြိုနယ် ကြာနီကန်ကျေးရွာနေ ယာဉ်မောင်း ဦးတင်သောင်း မောင်းနှင်သည့် စီနိုထရပ်အမျိုးအစား အဖြူရောင် မြေသယ်ယာဉ်သည် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကင်းရွာမှ ပြင်ဦးလွင်မြို့သို့ သွားရောက်ရန် ထွက်ခွာလာစဉ် တောင်ကန် ကျေးရွာအနီးသို့အရောက် PDF အမည်ခံ အကြမ်းဖက်သမားများ က လမ်း၏ ဝဲ/ယာ တောင်ဘက် နှစ်ပေခန့်အကွာမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ဦးတင်သောင်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်၍ နယ်မြေလုံခြုံ ရေးဆိုင်ရာများ ဆောင်ရွက်ခဲ့ ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူကို မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူစေခဲ့သော်လည်း ရရှိ ဒဏ်ရာများကြောင့် နံနက် ၇ နာရီ ခန့်တွင် သေဆုံးသွားခဲ့သည်။
PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ ရဟန်း သံဃာများ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသကဲ့ သို့ အရပ်ဘက်မော်တော်ယာဉ် များကိုလည်း အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ် လျက်ရှိခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်