
နေပြည်တော် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ရေငံကျေးရွာ အုပ်စု ရွှေပေါ်ကျွန်းကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။
အဆိုပါနေရာသို့ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးစဉ် ရွှေပေါ်ကျွန်းကျေးရွာ ကိုင်းတောစပ်သို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာရှိ တံတားအောက် ရေမြောင်းထဲ၌ PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ အမျိုးသမီးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက် ချေမှုန်းလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်