မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ မြဝတီမြို့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ    ၂၁


မန္တလေးတိုင်းဒေသကြီး     မဟာ အောင်မြေမြို့နယ်နှင့် အမရပူရ မြို့နယ်တို့တွင် ငွေကျပ် ၁ဘီလီယံ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆ ဒသမ ၈ သိန်းဖမ်းဆီး ရမိပြီး ကွင်းဆက်အရ မြဝတီမြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီ တွင်       မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၄၂ လမ်း နှင့်    ၆၀ (c)လမ်းထောင့်တွင် သတင်းအရ     ဇွန်ကိုလတ်နှင့် မခင်လဲ့ရည်ဖြိုး (ခ) နန်းမိငယ်တို့ အား    ရှာဖွေရာ    လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁  ဒသမ  ၈  သိန်း      သိမ်းဆည်း ရမိခဲ့ပြီး  ထိုနေ့  နံနက် ၁၀ နာရီ တွင်  အမရပူရမြို့နယ်  မြစ်ငယ် မြို့  စာတိုးကျေးရွာရှိ   ၎င်းတို့၏ နေအိမ်ကို     ဆက်လက်ရှာဖွေ ရာ   စိတ်ကြွရူးသွပ်    ဆေးပြား  ငါးသိန်း   ထပ်မံ   သိမ်းဆည်းရမိ ခဲ့ကြောင်း။ 

 


ကွင်းဆက်  ဖော်ထုတ်ချက် အရ ယင်းနေ့ည ၉ နာရီခွဲတွင် မြဝတီမြို့   အမှတ်(၅) ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်းရှိ တည်း ခိုခန်းကို     ဝင်ရောက်ရှာဖွေရာ    စိုင်းလောင်ခမ်း (ခ)  ဝမ်ရှီတာ  (ခ)  ဝတုတ်၊ နေထွန်းလှ(ခ) အိုက်ရင်၊ အောင်ကိုထွေး  (ခ) ကိုစိုင်းနှင့် ကျင်ချန်း  (ခ)   လီကျင်ချန်းတို့ လေးဦးကို   ပစ္စတိုသေနတ်   ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ်တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9MM  ကျည် ၁၆  တောင့်နှင့် LEXUS  မော်တော်ယာဉ် တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေး ဖော်ထုတ်ချက်အရ မြဝတီမြို့    အမှတ်(၄)  ရပ်ကွက် အောင်ဓနလမ်းရှိ      အဟုန်၏ နေအိမ်ကို     ဝင်ရောက်ရှာဖွေရာ ရဲထက်ကျော်(ခ)ကျန်ချင်ဟိန်းနှင့် ဟိန်းဆွေ(ခ)ကွမ်ထုန်(ခ)ကတုံး တို့    နှစ်ဦးကို   အိုက်စ်  ၃ ကီလို၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉ ကီလို၊ ၁၂ဗို့သေနတ် သုံးလက်၊ ၎င်းကျည်အိမ် ကိုးခု၊ ကာဘိုင်    လေးလက်၊    AK-47 ကိုးလက်၊    ၎င်းကျည်အိမ်  ရှစ်ခု၊ ပစ္စတိုသေနတ်    နှစ်လက်၊    ၎င်း ကျည်အိမ် လေးခု၊ ပစ္စတိုအသံ တိတ်ကိရိယာ   သုံးခု၊   ဆက်စပ် ကိရိယာများနှင့်    ကျည်မျိုးစုံ အတောင့်    ၂,၂၀၀  တို့ကို   ထပ်မံ သိမ်းဆည်းရမိခဲ့သည်။   

 


စစ်ဆေး ဖော်ထုတ်ချက်အရ   သိမ်းဆည်းရမိ   မူးယစ်ဆေးဝါး များကို   ရှမ်းပြည်နယ်မှ  ကရင် ပြည်နယ် မြဝတီမြို့သို့  လည်း ကောင်း၊     သိမ်းဆည်းရမိ     လက်နက်/ ခဲယမ်းများကို ကရင် ပြည်နယ်    မြဝတီမြို့မှ    ရှမ်း ပြည်နယ်   လားရှိုးမြို့သို့    လည်း ကောင်း     သယ်ဆာင်ခြင်းဖြစ် ကြောင်း  သိရသဖြင့်  ၎င်းတို့အား ဥပဒေအရ     အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်