
မန္တလေး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်များ အတွင်းရှိ အခြေခံအိမ်ထောင်စုဝင်များအတွက် အခြေခံစားသောက်ကုန်ဆန်များကို ယနေ့နံနက်ပိုင်း က အောင်မြေသာစံမြို့နယ်ရှိ ၁၂ လမ်းနှင့် ၇၇ လမ်း ထောင့်၊ ဓမ္မနိဗဒ္ဓထားဝယ်ဓမ္မာရုံကြီးနှင့် ၈၆ လမ်း၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြား၊ ကိုးခန်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးမှုအစီအစဉ်တွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အိမ်ထောင်စုဝင် များအား တွေ့ဆုံ၍ ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက် များ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုတို့ဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရောဂါကူးစက် သေဆုံးမှု သိသာစွာကျဆင်းလာမှုများ၊ ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ရေး လမ်းညွှန် ချက်များကို တိကျစွာ ဆက်လက်လိုက်နာရန် အချက် များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ကို မြို့နယ်အလိုက် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နေသည့် အစီအမံများနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်း ဒေသကြီး ဝန်ကြီးများက အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်နှုန်းဖြင့် ထောက်ပံ့ပေးအပ် သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၉၈ အုပ်စု၊ အိမ်ထောင်စု ၄၈၇၀၈ စု၊ လူဦးရေ ၂၀၅၆၈၀ တို့အတွက် ငွေကျပ် ၂၂၅၀၅၂၃၀၀ တန်ဖိုးရှိ ဆန်အိတ် ၁၂၁၇၇ အိတ်ကို ထောက်ပံ့ ပေးမည်ဖြစ်ရာ ယနေ့ ထောက်ပံ့ပေးအပ်ပွဲတွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၂၄၇ စု၊ လူဦးရေ ၄၈၈၈ ဦးအတွက် ငွေကျပ် ၅၀၇၇၇၆၅ တန်ဖိုးရှိ ဆန်အိတ် ၃၁၁ အိတ်ကျော်ကိုထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိမြို့နယ်များကို လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်