မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်ကြည်ညို

 

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီးအား 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  
သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား

 

နေပြည်တော်   ဧပြီ    ၂၉


မန္တလေးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီးတွင်     တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့်   နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့    ဥက္ကဋ္ဌ   မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  အဘိဓဇ  မဟာရဋ္ဌဂုရု အဘိဓဇ  အဂ္ဂမဟာသဒ္ဓမ္မဇောတိက   ဘဒ္ဒန္တကုမာရာ ဘိဝံသအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင် လှိုင်သည်   ဇနီး ဒေါ်ကြူကြူလှနှင့်  တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော် ကြည်ညိုသည်။

 


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်သည်    ဆရာတော်ဘုရားကြီး အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေ များကို  မေးမြန်းလျှောက်ထားပြီး  ဆေးဝါးကုသမှု ပေးထားသည့်အခြေအနေများနှင့်    ဆွမ်းကိစ္စများ အဆင်ပြေစေရေးအတွက်  ဆောင် ရွက်ပေးထားသည်များကို  ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ   လိုအပ်သည်များ ဖြည့်ဆည်း     ဆောင်ရွက်ပေးရန် မှာကြားသည်။ 

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က ဆရာတော် ဘုရားကြီးအား    ပြည်ထောင်စု နယ်မြေ   နေပြည်တော်   ဒက္ခိဏ သီရိမြို့နယ်ရှိ   မာရဝိဇယ   ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထား ကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိ သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပြီးစီးနေမှု အခြေအနေများနှင့်  အနယ်နယ် အရပ်ရပ်မှ နိုင်ငံတော်သံဃမဟာ နာယက    ဆရာတော်ကြီးများ ဦးဆောင်၍ ဆရာတော်၊ သံဃာ တော်များက  လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည့်    အခြေ အနေများ၊   “မာရဝိဇယ”   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို  မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး   ခိုင်မာစွာ  ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊     မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု ၏ ဗဟိုချက်ဖြစ်စေရန်၊  တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ကမ္ဘာ ကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်   ရည်ရွယ်ချက်   ၄  ရပ် ဖြင့်     တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့် အခြေ အနေများ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ တွင်လည်း “ကဆုန်လပြည့် ဗုဒ္ဓ နေ့” ဆိုင်ရာ  အခမ်းအနားများ ကို   နိုင်ငံတော်အဆင့်   ခမ်းနား သိုက်မြိုက်စွာဖြင့်  ကျင်းပပြုလုပ် သွားမည့် အခြေအနေများ၊ မြန်မာ နိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏    ဗဟိုချက်ဖြစ်စေ ရေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည့်        အခြေအနေများ နှင့်  ဆရာတော်ဘုရားကြီးတို့၏ ဦးဆောင်မှုဖြင့် သံဃအဖွဲ့အစည်း သည်လည်း မှန်ကန်စွာရပ်တည် လျက်ရှိသည့်  အခြေအနေများကို လျှောက်ထားတင်ပြပြီး    ဆရာ တော်ဘုရားကြီးထံမှ   ဩဝါဒကို ခံယူသည်။

 


ထို့နောက်        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး တို့က  ဆရာတော်ဘုရားကြီး အား  ဆေးပစ္စည်းများ၊  အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်   နဝ ကမ္မအလှူငွေများကို   ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ဘုရားကြီး ဟောကြား    ချီးမြှင့်တော်မူသည့်  တရားတော်များကို      နာယူ ကြည်ညိုသည်။

 


ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးရုံ အုပ်ကြီးနှင့် ပါရဂူများအား ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေ အနေများကို မေးမြန်းပြီး လိုအပ် သည်များကို     ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးရန်    မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်