
မန္တလေး အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေသည့် မန္တလေးကျုံးဥယျာဉ် တည်ဆောက်နေမှုကို ကြိုဆိုထောက်ခံ ဂုဏ်ပြုကြောင်း ဆွေးနွေးပွဲကို ယမန်နေ့က မန္တလေးအသင်း(ရန်ကုန်) အသင်းတိုက် ရတနာပုံခန်းမဆောင်၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မန္တလေးအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်စံက မင်းတုန်းမင်း တရားကြီးသည် သဘာဝမြေမျက်နှာပြင် ညီညာချောမွေ့သော မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးကို ၁၂၂၁ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၁၆၂ နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ပဉ္စမ သင်္ဂါယနာတင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည် က ဝမ်းမြောက်ချီးကျူး ဂုဏ်ယူစရာဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ အသင်းပြန်ကြားရေးမှူး ဦးစိန်ရွှေက ကမ္ဘာ့အကြီးဆုံးစာအုပ်ဟုခေါ်ဆို ခဲ့သည့် ပဉ္စမသင်္ဂါယနာတင်ကျောက်စာများ လည်း ကမ္ဘာကျော်ခဲ့ကြောင်းနှင့် မန္တလေးမြို့ ၏ သာယာလှပပုံများကို ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က တည်ဆောက်လျက်ရှိသော မန္တလေး ကျုံးဥယျာဉ်မြို့ တည်ဆောက်နေမှုနှင့် ပတ်သက်၍ တက်ရောက်လာကြသည့်အသင်း အမှုဆောင်များက မြတ်နိုးတန်ဖိုးထား ဂုဏ်ယူကြောင်းနှင့် အမြန်ပြီးမြောက်စေရေး တို့ကို ဆွေးနွေးခဲ့ကြသည်။
စိန်ရွှေလှိုင်