မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် ပန္နက်တင်မင်္ဂလာပြုလုပ်

 

နေပြည်တော် အောက်တိုဘာ ၂


မန္တလေးတိုင်းဒေသကြီး  မန္တလေး ကျုံးနှင့်      နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်  ဆောင် ရွက်မည့်    ရတနာပုံအပန်းဖြေ ဥယျာဉ်    ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းက   အောင်မြေ သာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆လမ်း ထောင့်ရှိ နန်းမြို့ရိုးတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးမောင်ကို၊    အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ   တက်ရောက် ကြသည်။


ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်  တာဝန်ရှိသူများက  မင်္ဂလာ အချိန်တွင်    ပန္နက်တင်ခြင်းများ ပြုလုပ်ကြသည်။

ထို့နောက်   တာဝန်ရှိသူများက ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့အား      ရတနာပုံအပန်းဖြေဥယျာဉ်  တည် ဆောက်မည့်အခြေအနေနှင့် ပတ် သက်ပြီး ရှင်းလင်းတင်ပြကြသည်။


အဆိုပါ    ရတနာပုံအပန်းဖြေ ဥယျာဉ်ကို       အရှေ့အရပ်တွင် ဦးထိပ်ရတနာပုံဥယျာဉ်၊ အနောက် အရပ်တွင် စည်ရှင်ရတနာပုံဥယျာဉ်၊        တောင်အရပ်တွင် ကျော်မိုးရတနာပုံ ဥယျာဉ်နှင့်   မြောက်အရပ်တွင် လေးသိန်းရတနာပုံဥယျာဉ်တို့ကို  အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။                    

သတင်းစဉ်