
မင်းဘူး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးရှိ အောက်စက်တော်ရာ ဘုရား မြတ်ဗုဒ္ဓ၏ ခြေတော်ရာအား ဘုရားဖူးမိဘပြည်သူများ အလွယ် တကူ လာရောက်ဖူးမြော်ကြည်ညို နိုင်စေရန်အတွက် ယာယီလူကူး ဝါးတံတားတစ်စင်းကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက စုပေါင်း တည်ဆောက်ခဲ့ကြောင်း မန်းရွှေ စက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာယီလူကူး ဝါးတံတားမှာ လူသွားလမ်းအကျယ် ခြောက်ပေ၊ အရှည် ၉၅ ပေခန့်ရှိပြီး ဦးကျော်ဝ - ဒေါ်တင်မ မိသားစု တို့က တည်ဆောက်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ တံတားတည် ဆောက်ရာတွင် ဘုရားကြီး ဝန်ထမ်းများ၊ ဈေးသူ ဈေးသား များနှင့် ရွှေစက်တော်အနီးနားရှိ ဒေသခံပြည်သူများက လုပ်အား ကုသိုလ်ဖြင့် ဝါးအလုံး ၃၀၀ ခန့် အသုံးပြုကာ တည်ဆောက်ခဲ့ ကြောင်း၊ ယခုအခါ မန်းချောင်းရေ ပြန်လည်ကျဆင်းသွားပြီဖြစ်သော ကြောင့် အောက်ခြေတော်ရာ အား လာရောက်ဖူးမြော်ကြသော ရဟန်းရှင်လူ ဘုရားဖူးမိဘပြည်သူ များ အလွယ်တကူဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ယခုလို ယာယီတံတား တည်ဆောက် ရခြင်းဖြစ်ကြောင်း မန်းရွှေစက် တော်ဘုရား ကျန်းမာသန့်ရှင်း တာဝန်ခံ ဦးမြင့်နိုင်(ငဖဲ)က ပြောသည်။
ယခင် စတင်ဘာလအတွင်း က အဖြုတ်အတပ်ပြုလုပ်လွယ် သော ယာယီသစ်သားတံတား တစ်စင်းကို တည်ဆောက်ခဲ့ပြီး မန်းချောင်းရေ တိုးမြင့်ခဲ့ခြင်း ကြောင့် ပြန်လည်ဖြုတ်သိမ်း ခဲ့ရကာ ယခုတစ်ဖန် ယာယီလူကူး ဝါးတံတားကို ပြန်လည်တည် ဆောက်ခြင်းဖြစ်ကြောင်း သိရ သည်။
မောင်မောင်(မင်းဘူး)