
မော်လမြိုင် ဧပြီ ၁၈
သတ္တဝါများ ဘေးအန္တရာယ် ကင်းရှင်းပြီး အသက်ရှည်စွာ နေနိုင်ကြစေရန်နှင့် ရှေးအစဉ် အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ရန် ရည်ရွယ်၍ ၁၃၈၅ ခုနှစ် တန်ခူး လပြည့်ကျော် ၁၃ ရက်၊ မြန်မာ နှစ်ဆန်း ၁ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဆိပ်ကမ်းသာ တံတား၌ ဇီဝိတဒါနဘေးမဲ့ ငါးလွှတ်ပွဲကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာ၀န်ရှိသူများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများ တက် ရောက်သည်။
ရှေးဦးစွာ ရွှေတောင်ကျောင်းမှ သံဃာတော် ငါးပါးအား အရုဏ် ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှအတန်း ပေးဝေကာ လှူဖွယ်ပစ္စည်း အစုစု တို့အား ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ သထုံစခန်းမှ ထုတ်သော နှစ်လက်မနှင့်အထက် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ နှစ်သိန်းအား သံလွင် မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ် ကုသိုလ်ယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် အဖွဲ့များသည် တောင်ဝိုင်း ဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် သက်ကြီးရွယ်အို ဘိုးဘွားများအား ပူဇော်ကန်တော့ ခြင်း အခမ်းအနား တက်ရောက် ပြီး တောင်ဝိုင်းဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်က တောင်ဝိုင်းဘိုးဘွား ရိပ်သာ၏ လုပ်ငန်းဆောင်ရွက် ချက်များ ရှင်းလင်းတင်ပြကာ အဘိုးအဘွားများအား ကန်တော့ ချိုးဖြင့် ကန်တော့၍ အဘိုးအဘွား များအား ကန်တော့ခံပစ္စည်းများ လှူဒါန်းရာ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးနှင့် အဘိုးတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)