မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အ​ကောင်းဆုံး ပထမဆု ခုနစ်ကြိမ်၊ ဒုတိယဆု တစ်ကြိမ်၊ တတိယဆု နှစ်ကြိမ်ရရှိခဲ့

 

​မော်လမြိုင်   စက်တင်ဘာ   ၁၄


မွန်ပြည်နယ်သည်   ၂၀၂၂  ခုနှစ် တက္ကသိုလ်ဝင်       စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင်  ၁၈ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆၆ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၀၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၃၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၀၁၄ ဦး စုစုပေါင်း ၂၇၈၄ ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး  တစ်နိုင်ငံလုံး အနေဖြင့် ၅၇ ဒသမ ၂၁ ရာခိုင် နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ပထမဆုရရှိကာ ​၂၀၁၀- ၂၀၁၁ ပညာသင်နှစ်မှ     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ​  အောင်ချက် အ​ကောင်းဆုံး ပထမဆု ခုနစ်ကြိမ်၊ ဒုတိယဆု တစ်ကြိမ်၊ တတိယဆု နှစ်ကြိမ်ရရှိခဲ့​ကြောင်း သိရသည်။

 


၂၀၂၂-၂၀၂၃  ပညာသင်နှစ် မွန်ပြည်နယ်    တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို    ယနေ့ နံနက်ပိုင်းက   ​မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌       ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက  အဖွင့်မိန့်ခွန်းပြောကြား ရာတွင် ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် နှစ်စဉ်     တက္ကသိုလ်ဝင်စာမေး ပွဲ     အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခု     ဖြစ်ကြောင်း၊ ကျောင်းသား    ကျောင်းသူများ ကို    အခြေခံပညာအဆင့်မှစ၍  လေ့ကျင့်ပြုစု    ပျိုးထောင်ပေးမှ သာ   တက္ကသိုလ်ဝင်စာမေးပွဲတွင် အခက်အခဲမရှိ  ဖြေဆိုနိုင်ကြပြီး အောင်ချက် မြင့်မားလာမည်ဖြစ်​ကြောင်း၊ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်း ကူညီပံ့ပိုး​ပေးရန်     လိုအပ်ပြီး အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အလိုက်  ဆောင်ရွက်မည့် လုပ်ငန်းများ၊    ပံ့ပိုးစီမံစစ်ဆေး ကြီးကြပ်မည့်     အစီအစဉ်များ ကို     စီမံချက်     စနစ်တကျရေးဆွဲ အကောင်အထည်ဖော်    ဆောင် ရွက်ကြရန် တိုက်တွန်းမှာကြားလို​ကြောင်း၊ ဆရာ ဆရာမများအပါ အဝင် ကဏ္ဍအသီးသီးမှ တာဝန်ရှိ သူများအနေဖြင့်   ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ​စေလို​ကြောင်း ​ပြောကြားသည်။

 


အလုပ်ရုံ      ဆွေးနွေးပွဲတွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခ ချုပ်      ​ဒေါက်တာ​အောင်မြတ်​ကျော်စိန် က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပတ် သက်၍ အမှာစကားပြောကြားပြီး အောင်ချက်    မြင့်မားရေးအတွက် စီမံခန့်ခွဲသူများနှင့် ကျောင်းအုပ် ကြီးများ၏   အခန်းကဏ္ဍ၊  တက္က သိုလ်ဝင်စာမေးပွဲ    အောင်ချက် မြင့်မားရေးအတွက် မြို့နယ်ပညာ ရေးမှူးများ  အခန်းကဏ္ဍ၊   တက္က သိုလ်ဝင်တန်းနှင့်    ပတ်သက်၍ သင်ကြားပို့ချနေသည့်    ဆရာ ဆရာမများ၏   ကြုံတွေ့ရသည့် အခက်အခဲများနှင့်    ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရည်အချင်း ပြည့်ဝ၍ ဘက်စုံ ထူးချွန်သည့်     ကျောင်းသား ကျောင်းသူများ   ဖြစ်လာစေရေး အတွက် လေ့ကျင့်ဆောင်ရွက်ပေး ရမည့်   နည်းလမ်းများနှင့်   ပတ် သက်၍   အစည်းအဝေး   တက် ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

 


ဆွေးနွေးပွဲသို့ ပြည်နယ်တရား လွှတ်​တော်    တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ   အကြီးအကဲများ၊ ပညာ​ရေးဌာနမှ  တာဝန်ရှိသူများ၊ ဆရာ ဆရာမများ တက်​ရောက် ကြကြောင်း သိရသည်။


သတင်းစဉ်