မွန်ပြည်နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဇန်နဝါရီ    ၁၇


မွန်ပြည်နယ် မြို့နယ်များအတွင်း ရှိ ဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်းဂေါပက   အဖွဲ့ဝင် ၄၁ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် လေးဦး စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့နံနက်ပိုင်း တွင်      ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ   ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ     ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်    ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့်    မာရဝိ ဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ      ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး    တည်ဆောက် ပူဇော်ခြင်းနှင့်    ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့်    ကျွမ်းကျင်ပညာရှင် များက      မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့်     အောင်မြင်စွာ     တည်ထား ပူဇော်နိုင်ခဲ့မှု၊   လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊    ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက် စာရုံစေတီတော်များ   တည်ထား ဆောင်ရွက်ခဲ့မှုနှင့်  သာသနာရေး ဆိုင်ရာ    အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ    ကျင်းပ နိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ      တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။


ထို့နောက်      ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွား တော်မြတ်ကြီး      တည်ဆောက် ပူဇော်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့် ကို     အသေးစိတ်     ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူး တင်စကားများ     ပြောကြားကြ သည်။   ထို့နောက်  ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက     ရုပ်ပွား တော်မြတ်ကြီး    အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု     အခြေ အနေနှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိ သူများက  အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားသည်။


ယင်းနောက် ဂေါပကအဖွဲ့ဝင် များသည်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံ ရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။  ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး     ဘုရားရင်ပြင် တော် ပတ်လည်၌ စကျင်ကျောက် များ အသုံးပြု၍ တည်ဆောက်ထား သည့်    ဂန္ဓကုဋိတိုက်များအတွင်း ၌      ဖူးမြော်လေ့လာကြသည်။ ထို့နောက်      မော်ကွန်းတိုက်၌ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ် ပြသထားမှု၊     ဗုဒ္ဓဥယျာဉ်တော် အတွင်း    ကျင်းပခဲ့သည့်    မဟာ မင်္ဂလာ    အခမ်းအနားများတွင် အသုံးပြုခဲ့သော ပစ္စည်းများ၊ မာရ ဝိဇယ    ဆင်းတုတော်ကြီးအား အစိတ်အပိုင်း       လေးပိုင်းခွဲ၍ တည်ဆောက်ထားသော   ဆင်းတု တော်ကြီး   ပုံစံငယ်များ၊    မြန်မာ့ ရိုးရာ  ပန်းဆယ်မျိုးလက်ရာ  ပုံစံ ငယ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ ကျောက်စာရုံစေတီတော်များ၊ အခြားသာသနိက အဆောက်အအုံ များကို ဖူးမြော် လေ့လာကြည်ညိုခဲ့ ကြသည်။ 


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြသည်။


ယနေ့တွင်    မာရဝိဇယ     ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး       အား လာရောက်    ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏    ရင်တွင်း စကားသံများကို ယခုလိုကြားသိ ခဲ့ရပါသည် -


ဘဏ္ဍာတော်ထိန်း
ဂေါပကအဖွဲ့ဝင်တစ်ဦး


ကျွန်တော်တို့    မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုကြောင့် ဆံတော်ရှင်   ကျိုက်ထီးရိုးစေတီတော်ကြီးအပါအဝင် မွန်ပြည်နယ် မှာရှိတဲ့ တန်ခိုးကြီးဘုရား ၁၀ ဆူ ရဲ့   ဂေါပကတွေကို    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး     အား ဖူးမြော်ကြည်ညိုရအောင်၊    မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့၏   စီမံခန့်ခွဲမှုကို လေ့လာအတုယူလို့ရအောင်  စီမံ ဆောင်ရွက်ပေးတဲ့    အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဟာ ကမ္ဘာမှာ ဉာဏ်တော်အရ သော် လည်းကောင်း၊ အလေးချိန် အရသော်လည်းကောင်း   အခြား ဘုရားများနဲ့မတူအောင် ထူးခြား စွာ    ထုဆစ်တည်ထားတာကို လေ့လာ  မြင်တွေ့ခဲ့ရပါတယ်။ ထုဆစ်     တည်ဆောက်ထားတဲ့ နေရာမှာ မြန်မာမှုလက်ရာပညာ တွေ၊      ပုဂံခေတ်လက်ရာများ၊ ရတနာပုံလက်ရာတွေနဲ့ပါ   အထူး လှပနေအောင်     ဆောင်ရွက် ထားတာကိုလည်း      ကိုယ်တိုင် ကိုယ်ရောက် လာရောက်ပြီးတော့ လေ့လာခွင့်၊ ဖူးမြော်ကြည်ညိုခွင့် ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးရဲ့ ထူးခြားအံ့ဖွယ် ဆိုတာ မြန်မာမှုသာမက ကျွန်တော် တို့ရဲ့   ယဉ်ကျေးမှုနဲ့၊    စာပေနဲ့   ဘာသာရဲ့   ယဉ်ကျေးမှုတွေကိုပါ    အကုန်လုံး ဖော်ကျူးထားပြီးတော့ ကမ္ဘာမှာ ထေရဝါဒဗုဒ္ဓဘာသာရဲ့     ဗဟိုချက်ဖြစ်တဲ့ မြန်မာနိုင်ငံကြီး ကို   ထေရဝါဒ   အထွန်းကားဆုံး နိုင်ငံတစ်ခုအဖြစ်နဲ့ ဖော်ကျူးထား တဲ့လက်ရာတွေကို ပို၍ပို၍ပေါ်လွင် အောင်   ဖော်ပြတဲ့    ဘုရားကြီးဖြစ် တဲ့အတွက်ကြောင့်      အခုလို ဖူးမြော်ကြည်ညိုခွင့်ရတဲ့အတွက်   သက်ဆိုင်ရာ  တာဝန်ရှိတဲ့    နိုင်ငံ တော်    အကြီးအကဲများနဲ့     သက် ဆိုင်ရာ     တာဝန်ရှိပုဂ္ဂိုလ်များကို  အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ 


ဘဏ္ဍာတော်ထိန်း
ဂေါပကအဖွဲ့ဝင်တစ်ဦး


မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို လာရောက်ဖူးမြော်ကြ တဲ့ မွန်ပြည်နယ်အတွင်းရှိ တန်ခိုး ကြီး ဘုရားကြီးများတွင် တာဝန် ထမ်းဆောင်လျက်ရှိတဲ့    ဘဏ္ဍာ တော်ထိန်း  ဂေါပကအဖွဲ့ဝင်များ အနက် ကျွန်တော်ကတော့ ကျိုက် မရောမြို့ ဆုတောင်းပြည့်မြတ်စွာ ဘုရားကြီးက  ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်ပဲ  ဖြစ်ပါတယ်။ အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို   လာရောက်ဖူးမြော် ကြည်ညိုခွင့်ရအောင် မွန်ပြည်နယ် အစိုးရအဖွဲ့က အထူးစီစဉ်ဆောင် ရွက်ပေးတာ      ဖြစ်တဲ့အတွက် လွန်စွာမှ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ဖို့ စတင် ဆောင်ရွက်တဲ့     စကျင်ကျောက် တော်ကြီး   စတင်သယ်ယူခဲ့သည် မှ    ဗုဒ္ဓါဘိသေန   အနေကဇာတင် အခမ်းအနား   ဆောင်ရွက်သည် အထိ ဆောင်ရွက်သည့် လုပ်ငန်း စဉ် အဆင့်ဆင့်ကို မြဝတီရုပ်မြင် သံကြားမှ      ကြည့်ရှုခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မာရဝိဇယ ဘုရားကြီးကို ဖူးမြော်ချင်စိတ်ဖြစ် ခဲ့ရပါတယ်။   အခုလို   နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုကြောင့် ဒီနေ့လာရောက် ဖူးမြော်ခွင့်ရခဲ့တာ   ဖြစ်ပါတယ်။ အခုလို  အံ့မခန်းလှတဲ့ ဘုရားကြီး ကို ကိုယ်တိုင်မြင်တွေ့ ဖူးမြော်ခဲ့ရ တဲ့အတွက်ကြောင့်     နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်မိပါတယ်လို့ ဒီနေရာကနေ  ပြောချင်ပါတယ်။ အခုလို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရာ တွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုသိုလ်ပြု ပါဝင်လှူဒါန်းကြသော အလှူရှင်များ၏ စေတနာ၊ သဒ္ဓါ တရားတို့ကိုလည်း       လေးစား မြတ်နိုး    တန်ဖိုးထားပါကြောင်း ကျွန်တော့်အနေနဲ့    လေးစားစွာ ပြောကြားလိုပါတယ်။


ဘဏ္ဍာတော်ထိန်း
ဂေါပကအဖွဲ့ဝင်တစ်ဦး


မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို မွန်ပြည်နယ်အစိုးရ အဖွဲ့နဲ့  တာဝန်ရှိသူတွေရဲ့  စီစဉ် ပေးမှုကြောင့်  ၁၀ မြို့နယ်မှာရှိတဲ့ ဘုရားစေတီများမှ ဂေါပကတွေ အခုလို      လာရောက်ပြီးတော့ ဖူးမြော်ခွင့်ရတာ    ဖြစ်ပါတယ်။ ဒီနေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ရောက်တော့    မူလ မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့်တကွ      နဂါးရုံဘုရား၊ ကျောက်စာရုံစေတီများ၊     သာသ နိကအဆောက်အအုံ၊ ဗိမာန်တော် ကြီးနဲ့ အခြားသော ထူးခြားတဲ့နေရာ တွေကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးမှ   တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့   စိတ်အေးချမ်းစွာ ဖူးမြော်     ကြည်ညိုခဲ့ရပါတယ်။ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး   ရေရှည်တည်တံ့ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်တဲ့နေရာမှာ    မြန်မာ ပြည်မှာရှိတဲ့        ဗုဒ္ဓဘာသာဝင် အားလုံးရဲ့      သဒ္ဓါတရားစစ်စစ်နဲ့ အားသွန်ခွန်စိုက်   ဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိတဲ့အကြောင်း ပြောကြားလိုပါတယ်။  

သတင်းစဉ်