မွန်ပြည်နယ်အတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 

မော်လမြိုင်  ဒီဇင်ဘာ   ၁၇                                                          


မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက   ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံခန့်ခွဲနိုင်ရေးအတွက်   မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆  ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ပြုလုပ်သည်။

 


အစည်းအဝေးတွင် မွန်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ကော်မတီဝင်များ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေး ဆိုင်ရာ ရောဂါများအပြင် ယခုအချိန်သည် ပွင့်လင်း ရာသီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ရေဘေး၊ လေဘေး အပါအဝင် အခြားသဘာဝဘေးများအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ပြောင်းရွှေ့နိုင်ရေး အတွက် နေရာများကို  မြို့နယ်များအလိုက် ကြိုတင် ဆောင်ရွက်ထားကြရန်၊ သောက်သုံးရေနှင့် ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်များ၊    ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများ၊ သတင်းပြန်ကြားရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် စသည်ဖြင့်  မှာကြားသည်။ 

 


ထို့နောက် တက်ရောက်ကြသူများက သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက စီမံခန့်ခွဲနိုင်ရေး၊ လုံခြုံရေးဆိုင်ရာအစီအစဉ်များ ဆောင်ရွက်ထား နိုင်ရေး၊    အချိန်နှင့်တစ်ပြေးညီ   သတင်းပြန်ကြား နိုင်ရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းများကောက်ယူ ၍ ပျက်စီးဆုံးရှုံးမှုနှင့်  လိုအပ်ချက်များ  ဆန်းစစ် ဖော်ထုတ်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ၊       သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘဏ္ဍာငွေရှာဖွေရေးနှင့်  ရန်ပုံငွေထိန်းသိမ်းနိုင်ရေး ဆွေးနွေးတင်ပြမှုအပေါ်        လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


မွန်ပြည်နယ်သည်  နှစ်စဉ်   မိုးရေချိန်လက်မ မြင့်မားစွာ မိုးရွာသွန်းလေ့ရှိသဖြင့် ရေကြီးရေလျှံမှု များ မဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ပြောင်းရွှေ့နိုင်ရေး Cyclone Shelter များ တည်ဆောက်ထားခြင်းနှင့်  ကြိုတင်သတိပေးခြင်းများအပြင်   ဖြစ်ပွားပြီးလျှင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း နှစ်စဉ် ဆောင်ရွက်နေကြောင်း သိရသည်။
                                       

ဇာဖြူဝင်း(ပြန်/ဆက်)