မွန်ပြည်နယ်အတွင်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေရန် ဆောင်ရွက်ပေးလျက်ရှိ

 

မော်လမြိုင်     ဇန်နဝါရီ    ၁၁


နွေစပါးသီးနှံကို     ကောက်စိုက် စက်၊  မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ နှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် က    ရွာတန်းရှည်ကျေးရွာအုပ်စု တောင်သူ       ဦးဟန်ဝင်းအောင် လယ်မြေ၌   ကျင်းပရာ   ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ  စိုက်ပျိုးရေးဦးစီးဌာန ပေါင်မြို့နယ်             ဦးစီးမှူးက ပေါင်မြို့နယ်၏   ဆောင်းသီးနှံ/နွေစပါးစိုက်ပျိုးထားရှိမှု   အခြေ အနေများကို      လည်းကောင်း၊ မြို့နယ်  စက်မှုလယ်ယာဦးစီးဌာန       ဦးစီးမှူးက      နွေစပါးသီးနှံကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နှင့်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုး ခြင်း၏   အကျိုးကျေးဇူးများကို လည်းကောင်း၊           ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန    ညွှန်ကြားရေး မှူးက ကတိုက်ရေလှောင်တမံနှင့်   ရင်းငြိမ်ရေထိန်းတံခါးတို့မှ ဆည်ရေ ပေးဝေမှုနှင့်        ရေထိန်းတံခါးမှ     ရေသိုလှောင်ထားရှိမှု အခြေအနေ တို့နှင့် စပ်လျဉ်း၍လည်းကောင်း    ရှင်းလင်းတင်ပြသည်။
ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်က လုပ်သားအင်အားရှားပါး မှုကို   ကျော်လွှားနိုင်ရန်အတွက် မိရိုးဖလာ    စိုက်ပျိုးခြင်းထက် လယ်ယာသုံး     စက်ကိရိယာများ တွင်ကျယ်စွာ အစားထိုး အသုံးပြု ရန်လိုအပ်ကြောင်း၊     ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်       စက်မှု လယ်ယာဦးစီးဌာနပိုင်       စက် ကိရိယာများဖြင့်    စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း    လုပ်ငန်း များကို          ကူညီဆောင်ရွက်ပြီး         ဒုတိယသီးနှံ (သီးထပ်) စိုက်ဧက  တိုးတက်စေရန်         ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊    မွန် ပြည်နယ်အတွင်း    စိုက်ပျိုးရေး ကဏ္ဍ    ဖွံ့ဖြိုးတိုးတက်စေရန် အတွက်    သီးနှံအထွက်နှုန်း တိုးတက်ရေးသာမက    အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန် များ      ထုတ်လုပ်ပြီး တောင်သူများ   ဝင်ငွေတိုးစေရန်            ဝိုင်းဝန်း ဖြည့်ဆည်း  ဆောင်ရွက်ပေးလျက် ရှိကြောင်း၊  စားနပ်ရိက္ခာ ဖူလုံရန် အတွက်         စိုက်ပျိုးထုတ်လုပ် မှု    တိုးတက်မြင့်မားအောင်  ဆောင်ရွက်လျက်ရှိသော တောင်သူ များကလည်း     ကြိုးစားဆောင်ရွက် ခြင်းဖြင့်          နိုင်ငံတော်အတွက် အကျိုးပြုသလို      တောင်သူများ အတွက် လူမှုစီးပွားဘဝများလည်း မြင့်မားလာမည်       ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်        ပြည်နယ် ဝန်ကြီးချုပ်နှင့်   ပြည်နယ်ဝန်ကြီး များက     ယူရီးယားဓာတ်မြေ သြဇာနှင့်           ရွှေဇီဝအားဖြည့် ကွန်ပေါင်း သဘာဝဇီဝမြေသြဇာ များကို    တက်ရောက်လာသော တောင်သူများကို     ထောက်ပံ့ ပေးအပ်ပြီး  ဒေသခံတောင်သူများ က   စိုက်ပျိုးရေကို   နည်းလမ်း ပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက် ပေးစေလိုမှု၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်    သွင်းအားစုများ ထောက်ပံ့ပေးလိုမှု၊ ရေနုတ်မြောင်း များအချိန်မီ    တူးဖော်ပေးလိုမှု အခြေအနေများနှင့်   စပ်လျဉ်း၍ တင်ပြချက်များပေါ်        ပြည်နယ် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည် များကို    ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍        ပြည်နယ် ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ သည် နွေစပါးသီးနှံကို   ကူဘိုတာ  ခြောက်တန်းသွား  ကောက်စိုက် စက်ဖြင့်လည်းကောင်း၊   တန်ဖိုး နည်း ခြောက်တန်းသွား လက်ဆွဲ စက်ဖြင့်  စိုက်ပျိုးပြသခြင်းနှင့် ရှစ်တန်းသွားလက်ဆွဲ စပါးမျိုးစေ့ ချကိရိယာဖြင့် လက်တွေ့သရုပ် ပြသ  စိုက်ပျိုးနေမှုကို   ကြည့်ရှု အားပေးပြီး  ကောက်စိုက်စက် ပျိုးဗန်းဖြင့်            ပျိုးထောင်ပုံ အဆင့်ဆင့်နှင့် လယ်ယာသုံးစက် ကိရိယာများ ခင်းကျင်းပြသထားမှု ကို   ကြည့်ရှုသည်။ 

သက်နိုင် (မော်လမြိုင်)