မွန်ပြည်နယ် ဝန်ကြီးချုပ်(ဖလား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

မော်လမြိုင် အောက်တိုဘာ ၃၀


မွန်ပြည်နယ်     မော်လမြိုင်မြို့  ပြည်နယ်    အားကစားခန်းမ၌ ကျင်းပခဲ့သည့်          ၂၀၂၁   ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်   (ဖလား)  ၁၀ မြို့နယ်   အသက်  ၂၅  နှစ် အောက် အမျိုးသား၊   အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို      အောက်တိုဘာ ၂၈ ရက်က ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော် လင်းထွန်း တက်ရောက်အားပေးသည်။ 

 


အဆိုပါ  ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင်  မွန်ပြည်နယ်အတွင်း  ၁၀ မြို့နယ်မှ အမျိုးသား(သုံးယောက် တွဲ)    ၁၀   သင်းနှင့်    အမျိုးသမီး (နှစ်ယောက်တွဲ)   ၁၀ သင်းတို့က အောက်တိုဘာ၂၆ ရက်မှ ၂၈ ရက် အထိ      ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားပြိုင်ပွဲတွင်  မော်လမြိုင် မြို့နယ်အသင်းနှင့်    အမျိုးသမီး ပြိုင်ပွဲတွင်  ဘီးလင်းမြို့နယ်အသင်း တို့က     ပထမဆုများ    ရရှိကြ သည်။   ပြိုင်ပွဲတွင်     ဆုရရှိသူများ အား     ပြည်နယ်ဝန်ကြီးများက  အကောင်းဆုံး   အားကစားသမား ဆုနှင့် အခြားဆုများကို  ချီးမြှင့် ပေးပြီး    ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့်    အသင်းအုပ်စု အား ဆုများချီးမြှင့်ပေးသည်။ 

 


မွန်ပြည်နယ်အတွင်း မြန်မာ့ အားကစား        အဆင့်အတန်း  တိုးတက်မြင့်မားစေရေးအတွက် အမျိုးသားရေးတာဝန်   တစ်ရပ် အဖြစ် ခံယူ၍  ပြည်နယ်အစိုးရ အဖွဲ့၏   ဦးဆောင်မှုဖြင့်    ပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး     မြို့နယ်၊ ခရိုင်အဆင့်မှ     ပြည်နယ်အဆင့်အထိ   အားကစားသမားကောင်းများ      ပေါ်ထွက်လာစေရန်နှင့်  အောင်မြင်မှု       ရရှိလာစေရန်လည်း     ရည်ရွယ်ကြောင်း   သိရသည်။      

ဇာဖြူဝင်း(ပြန်/ဆက်)