
နေပြည်တော် အောက်တိုဘာ ၂၆
မွန်ပြည်နယ် သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၄၇၀ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက် တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲ တွင် မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၇၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ များဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ် စိန်ပန်းကျေးရွာတွင် ပါကျဲ(ခ)စိုးလင်းထွန်းအား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာတွင် ကိုစိုင်း (ခ) စောဇာနည်မောင်နှင့် မျိုးအောင် (ခ) ဟော့ထင်ချန်တို့ကို GlOCK 9 MM ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ဘားအံမြို့နယ် မဲဘောင်ကျေးရွာတွင် အားဝေ (ခ) လောက်ဆန်း နှင့် သက်ဦး(ခ)စောသက်ဦးတို့အား Crown မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ခုနစ်ဦးအား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်