
နေပြည်တော် စက်တင်ဘာ ၂
မွန်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်အဆင့် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်း တွင် ပေါင်မြို့နယ် မုတ္တမကျေးရွာ အနီး သံလွင်မြစ်ကမ်းဘေး၌ ပြုလုပ်သည်။
ဦးစွာ ကွပ်ကဲရေးမှူးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များက ဇာတ်တိုက်လေ့ကျင့်ခန်း များဖြစ်သည့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သတိပေးနှိုးဆော်ခြင်း၊ ဘေး အန္တရာယ် ကျရောက်နိုင်သည့် ပြည်သူများနှင့် အရေးကြီးပစ္စည်း များကို ဦးစားပေးအဆင့်အလိုက် ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခြင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်နေသည့် အခါတွင် လုံခြုံစိတ်ချရသည့်နေရာတွင် ရွှေ့ ပြောင်းထားသော ပြည်သူများ ကို ဖေးမနှစ်သိမ့်မှုပြုလုပ်ခြင်း၊ မုန်တိုင်းဘေး တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် ယာယီကယ်ဆယ် ရေးစခန်းဖွင့်လှစ်ခြင်း၊ သံလွင်မြစ် အတွင်း မုန်တိုင်းဖြတ်သန်းသွား အပြီး မုန်တိုင်းကြောင့် အန္တရာယ် ကျရောက်နေသော ပြည်သူများ ကို ရှာဖွေကယ်ဆယ်ခြင်း၊ မုန်တိုင်းကြောင့် လှေမှောက်ခြင်း၊ ကမ်းပြိုခြင်းဖြစ်ပေါ်ပြီး မျောပါ နေသော ရေဘေးဒုက္ခသည်များ ကယ်ဆယ်ခြင်း၊ အဆောက်အအုံ တွင် ပိနေသော သစ်ပင်ဖယ်ရှား ခြင်းနှင့် အဆောက်အအုံတွင် ပိတ်မိနေသော ဘေးဒုက္ခရောက် နေသူများ ကယ်ထုတ်ခြင်း၊ မြေပြိုမှုကြောင့် နေအိမ်ပေါ်သို့ ပိနေသော မြေများ ရှင်းလင်း ဖယ်ရှားခြင်းနှင့် နေအိမ်တွင် ပိတ်မိနေသော ဘေးဒုက္ခရောက် နေသူများ ကယ်ထုတ်ခြင်းများကို ကယ်ဆယ်ရေး ပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ပြုလုပ်ကြသည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့် နေမှုများကို မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြည့်ရှုအားပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်