
နေပြည်တော် ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ နယ်မြေရဲစခန်း ပတ်ဝန်းကျင်ရှိ နေအိမ်များကို တပ်မတော်မှ မီးရှို့ဖျက်ဆီးမှု များ လုပ်ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများ မှ လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ လုံခြုံရေးစခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် PDF အမည်ခံ အကြမ်းဖက်သမား များနှင့် KNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များမှ ဝိုင်းဝန်း ပိတ်ဆို့ကာ စခန်းဝန်းကျင်ရှိ နေအိမ်များတွင် ဝင်ရောက်နေရာ ယူ၍ ကတုတ်ကျင်းများ၊ ဘန်ကာ များ တူးဖော်အသုံးပြုတိုက်ခိုက်ခြင်း အပါအဝင် လူနေအိမ်များရှိ ပစ္စည်းများ ယူဆောင်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် လုပ်ဆောင်မှု များကြောင့် ကျေးရွာရှိ နေအိမ် များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ် ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက် မှစ၍ တပ်မတော်မှ ကော့ကရိတ် မြို့နယ်အတွင်းရှိ ဒေသခံများအား လူသားဒိုင်းပြုလုပ်ပြီး အသုံးပြု လျက်ရှိကြောင်း သတင်းတု၊သတင်း မှားများကို တရားမဝင် ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်ပေါ် တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရပြီး တပ်မတော် အနေဖြင့် ကော့ကရိတ်မြို့နယ် အတွင်း လိုအပ်သော လုံခြုံရေး လုပ်ငန်းများနှင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်လျက် ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများ က လုပ်ကြံရေးသားထားသည့် သတင်းမှားသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်