မြန်မာ့တောင်သူ စိတ်ညီတူ

 

မြန်မာ့တောင်သူ စိတ်ညီတူ

 

i    အသက်သခင် ကျေးဇူးရှင်ဟု
    သင်ငါလေးစား အသွေးသားမှ
    အားထားရိုသေ မေတ္တာဝေသည့်
    မြေကရွှေသီး တောင်သူကြီး။
i     ကောက်ပဲသီးနှံ မိုးလေမှန်၍
    စံတင်ထွက်တိုး ဝင်ငွေမိုးတို့
    သွန်းဖြိုးဖြိုင်ဖြိုင် ပြည်လုံးလှိုင်ပြီး
    ခိုင်ကျည်ပွားစီး တောင်သူကြီး။
i     ယခုအခါ “စံပြရွာ”နှင့်
    သာလွန်မြင့်ခေါင် “မြစိမ်းရောင်” ပြင်
    ဆောင်ယူမနှေး “မီးလင်းရေး” တို့ 
    ဖေးမပေါင်းစပ် “Cash For Work” ။
i     တောင်သူအမြင့် ပြည်ဂုဏ်တင့်ဟု 
    ရင့်ကျက်ခိုင်မာ အတွေးလွှာကို 
    နာယူတည်ဆောက် တောထိရောက်ပြီ 
    ဖောက်လမ်းတံတား များမှများ ။ 
i    စိုက်မွေးထုတ်ချေး အတိုးသေးကြောင့်
    ဆေးချက်ပီပီ လှပန်းချီသို့
    ရည်တူတက်လှမ်း တောနယ်ခန်းဟု 
    ဝမ်းမြောက်ရွှင်သာ ရောက်သောအခါ။
i    မြန်ပြည်တစ်ဝှမ်း တောင်သူသန်းတို့
    ကျန်းမာပကတိ ချမ်းသာရှိလျက် 
    သိဉာဏ်တိုးတက် တန်ခိုးထက်ကာ 
    မက်မောခုံမင် တောရပ်ခွင်ကို
    သွင်ပြင်အပေါင်း ခုထက်ကောင်းအောင်
    ပြောင်းကာစိုက်ထူ စိတ်ညီတူ။    ။

(တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုပါ၏။)

 ညိုဝင်း(ချစ်မြေ)