မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ်သုတေသန အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်    မေ     ၁၇


မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့ သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ် သုတေသန အထောက်အထား အချက်အလက်များဆွေးနွေးပွဲကို   ယနေ့   နံနက် ၁၀ နာရီတွင်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန လောကနတ်ခန်းမ၌ ပြုလုပ်သည်။

 


ဆွေးနွေးပွဲသို့        မြန်မာသမိုင်းအဖွဲ့      ဥက္ကဋ္ဌ၊ သာသနာရေးနှင့်         ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊     ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာ ရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ကွင်းဆင်းတူးဖော်မှု ဆောင်ရွက်နေကြ သော   အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ကြ သည်။

 


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာ နိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း စဉ်အတွက်     အလွန်အရေးကြီးသော   ဆွေးနွေးပွဲ ဖြစ်သည်နှင့်အညီ   ယနေ့  သမိုင်းစဉ်ဆွေးနွေးပွဲမှ အသစ်တွေ့ရှိမှု  အချက်အလက်အထောက်အထား များကို   ပေါင်းစပ်ဖြည့်စွက်၍    ကွင်းဆင်းလေ့လာ တူးဖော်သုတေသနပြုတွေ့ရှိမှုမှ      ခိုင်မာသော အထောက်အထားများဖြင့် ပိုမိုပြည့်စုံမှန်ကန်သည့် မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ဆိုင်ရာ   သမိုင်းကြောင်းကို    အတည်ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊    ကျောက်ခေတ်သုတေသန ပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ သုတေသနပြု တွေ့ရှိချက်များ၊     ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံ နည်းကျ    သက်တမ်းတွက်ချက်မှုများကို    ပေါင်းစပ် ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ် ရရှိနိုင်ရေးအတွက် မူကြမ်းပြုစုပြီးဖြစ်ပါကြောင်း။  

 


ကျောက်ခေတ်ဆိုင်ရာ သမိုင်းစဉ်တွင် ယခင်က မတွေ့ရှိခဲ့ရသေးသော ကျောက်ခေတ်လယ်ထွန်းကား ခဲ့သည့်    အထောက်အထားအသစ်တွေ့ရှိချက်များ၊ သိပ္ပံနည်းကျ    သက်တမ်းတွက်ချက်မှု     ရလဒ်များ ကြောင့် အချို့သောသမိုင်းစဉ် ခေတ်ကာလများမှာ များစွာပီပြင်ပုံပေါ်လာပြီဖြစ်၍      မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဖြစ်စဉ် ကွင်းဆက်ပြောင်းလဲလာမှုများကို ပြည်သူများသိရှိစေရေး     ဆောင်ရွက်ရန်    လိုအပ် ပါကြောင်း၊ အလားတူ ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိချက်များကို နိုင်ငံတကာစာတမ်းဖတ်ပွဲ ပြုလုပ်၍ နိုင်ငံတကာပညာရှင်များ သိရှိလက်ခံအောင် ဆောင်ရွက်သွားရန် ပြောကြားသည်။ 

 


ထို့နောက်   ပညာရေးဝန်ကြီးဌာနမှ    ဒုတိယ ပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က  မြန်မာ့မြေလွှာ ဖြစ်တည်မှုအကြောင်းကို လည်းကောင်း၊ ရန်ကုန် အဝေးသင်တက္ကသိုလ်   ပါမောက္ခချုပ်   ဒေါက်တာ ချစ်စိန်က ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှုသမိုင်းကို  လည်းကောင်း၊   ဗန်းမော် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်း ထိုက်က      ဧရာဝတီပရိုင်းမိတ်     ရှာဖွေတွေ့ရှိမှုနှင့် အထောက်အထားများအကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေးပြောကြား ခဲ့ပြီး     ဒုတိယညွှန်ကြားရေးမှူးချုပ်     ဒေါက်တာ သိန်းလွင် က ဆွေးနွေးချက်များအပေါ် သုံးသပ်တင် ပြသည်။

 


မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ သုတေသန      အထောက်အထားအချက်အလက် ဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ရာ    ရှေးဟောင်း သုတေသန     နည်းပညာသင်တန်းကျောင်း (ပြည်) မှ    ကျောင်းအုပ်ကြီး   ဦးဝင်းကြိုင်က   မြန်မာ့ ကျောက်ခေတ်အကြောင်းကို   တင်ပြဆွေးနွေးပြီး ယခင်မတွေ့ရှိရသေးသော     ကျောက်ခေတ်လယ် ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျောက်ခေတ်ကို ပြည့်စုံစွာ  မြန်မာ့မြေပေါ်တွင်  တစ်ဆက်တစ်စပ် တည်း  ပေါ်ပေါက်ခဲ့ကြောင်း  ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက   ပြင်ဆင်ဖြည့်စွက်လို သည်များကို ဆွေးနွေးပြောကြားသည်။ 

 


ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က    အထွေထွေဆွေးနွေးချက်များ အပေါ်  သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်