မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Broadcaster များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၆


မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Broadcaster  များနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀  နာရီတွင်  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် Forever Group Co.,Ltd၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမီတက် ၊ Family Entertainment (5 Plus) ရုပ်သံလိုင်း၊ YTV ရုပ်သံလိုင်း၊  Channel K ရုပ်သံလိုင်း၊ Fortune TV ရုပ်သံလိုင်း၊  Nebula  X Entertainment  တို့မှ  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို   နေပြည်တော်တွင် နိုင်ငံတော်အဆင့်အခမ်း အနားကြီးတစ်ခုအဖြစ် ခမ်းနားစွာကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အနုပညာရှင်များကို နိုင်ငံတော်က တန်ဖိုးထားသကဲ့သို့ ပြည်သူများကလည်း တန်ဖိုးထားပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲသည် အနှစ်သာရပြည့်ဝပြီး ပြည်သူနှင့် နိုင်ငံအတွက်သာမက အနုပညာရှင်များအတွက်ပါ  အရေးကြီးသည့်  ခြေလှမ်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထု စိတ်ဝင်စားမှုနှင့်အတူ အနုပညာရှင်များအတွက် ထူးခြားလေးနက်သည့်အတွက် ဘက်ပေါင်းစုံမှ အခမ်းနားဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် ပွဲအခမ်းအနားအစီအစဉ်များ      တိုက်ရိုက်ထုတ်လွှင့်ပြသရာတွင် တက်ရောက်လာကြသည့်   မိတ်ဖက်  Broadcaster    များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက်  ဒုတိယဝန်ကြီး   ဦးရဲတင့်က  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနား  ကျင်းပစဉ်    မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများအနေဖြင့် ပြည်သူလူထုစိတ်ဝင်စားဖွယ် ဖော်ကျူးတင်ဆက်လိုသည့် အစီအမံများ နှင့် ပတ်သက်၍ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍   ပြည်သူ့ဆက်ဆံရေးနှင့်    စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စား မြဝတီရုပ်သံ(နေပြည်တော်)တပ်မှူးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် မည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး  ဥက္ကဋ္ဌ   ဦးကြည်စိုး ထွန်းနှင့် တက်ရောက်လာကြသည့် ရုပ်သံလိုင်းများမှ  တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ ထုတ်လွှင့်ရာတွင် ဆောင်ရွက်မည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။  

 


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊  ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ  အကြီးအကဲများနှင့် တာဝန်ရှိသူများ သည်  ဝင်ပေါက်အမှတ်(၂) တည်ဆောက်နေမှုနှင့်  လုံခြုံရေးစစ်ဆေး ဆောင်ရွက်မည့် နေရာများ၊  လူငယ်သင်္ကြန်ဇုန်အတွင်း  ကလေးငယ် များ ဆပ်ပြာမြှုပ်များဖြင့် ပျော်ရွှင်စွာ ဆော့ကစားနိုင်မည့် foam party နှင့် လူငယ်များအတွက်    ရောင်စုံသင်္ကြန်ရေကစားမဏ္ဍပ်   colourful party  တည်ဆောက်နေမှု၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်၏ ဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်နေမှု၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း များနှင့် မိသားစုများ  ပျော်ရွှင်ချမ်းမြေ့စွာဖြင့်  ရေကစားနိုင်ရန်အတွက် ကြိုးပမ်းပြင်ဆင်ဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားသင်္ကြန်ဇုန်အတွင်း တိုင်ရင်းသားရေကစားမဏ္ဍပ်ပြင်ဆင်ဆောက်လုပ်ထားရှိမှုနှင့် တိုင်းရင်း သားရေးရာဝန်ကြီးဌာနက  ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အများပြည်သူ လျှောက်လမ်းများအပေါ်တွင် ရေမှုန်ရေမွှားများဖြင့် ပက်ဖျန်းပေးနိုင်ရေး ဆောင်ရွက်ပြင်ဆင်နေမှုများ၊ သနပ်ခါးသင်္ကြန်ဇုန်နှင့် ဝင်ပေါက်အမှတ် (၁) တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အချိန်မီ ပြီးစီးရေးနှင့်      အဆင့်အတန်းမီစွာ    ဆောက်လုပ်ပြင်ဆင်သွားရေး   မှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည်  ၂၀၁၉  ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား  ကျင်းပပြုလုပ်မည့်  နေပြည်တော်   မြို့တော်ခန်းမ အနီးရှိ လဟာပြင် ကဇာတ်ရုံသို့ ရောက်ရှိပြီး   စင်မြင့်ဆောက်လုပ်ခြင်း၊ စင်မြင့်ပြင်ဆင်ခြင်း၊ အသံစနစ်၊  မီးအလင်းရောင်စနစ်များ၊   နေရာ ထိုင်ခင်းစီစဉ်ထားရှိမှုများ၊   အနုပညာရှင်များအတွက် Red Carpet နေရာလျာထားမှုနှင့် 3D Digital Mapping စနစ်ဖြင့် အခမ်းအနားဖွင့်လှစ် မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်