မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခရိုင်မှ ပြိုင်ပွဲဝင်များ ဝတ်စုံပြည့်လေ့ကျင့်

 

ပြည်    ဩဂုတ်    ၃၀


ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့တွင်ကျင်းပမည့်  တိုင်းဒေသကြီးအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်  ပြည်ခရိုင်မှပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့် လေ့ကျင့်ခြင်းအခမ်းအနားကို   ယနေ့နံနက်က  ပြည်မြို့  သီရိခေတ္တရာ  ရတနာမြို့‌တော်ခန်းမ၌ကျင်းပရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကြည်အေးက  အမှာစကား ပြောကြားသည်။

 


ထို့နောက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် အဆင့်အလိုက် ပါဝင် ယှဉ်ပြိုင်မည့်   ပြည်ခရိုင်‌နှင့်မြို့နယ်များမှ ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင် များ၏ ဝတ်စုံပြည့်ဖြင့် အဆို၊ အကနှင့် အတီး လေ့ကျင့်‌ဖျော်ဖြေမှုများဆက်လက်ကျင်းပခဲ့ပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများနှင့် အနုပညာ/အတတ်ပညာရှင်များ ကြည့်ရှု အား‌ပေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)