ရန်ကုန် ဇွန် ၉
ASEAN Trade Fair 2022 ကုန်စည်ပြပွဲ ကို အာဆီယံ - ကိုရီးယား ဗဟိုဌာန (ASEAN-Korea Centre-AKC) က ကြီးမှူး၍ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အနီးရှိ Ilsan မြို့ KINTEX ခန်းမ၌ ဇွန် ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ထုတ်ကုန်အချို့ ပါဝင် ပြသလျက်ရှိကြောင်း သိရသည်။
ပြပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ စုစု ပေါင်း ကုမ္ပဏီ ၄၈ ခု ပါဝင်ပြသပြီး တောင်ကိုရီးယားနိုင်ငံသို့ Physical လာရောက်ပြသမည့် ကုမ္ပဏီ ၃၇ ခုနှင့် Virtual ပြသမည့် ကုမ္ပဏီ ၁၁ ခုတို့ ပါဝင်ပြသလျက်ရှိသည်။ ယင်းတို့အနက် မြန်မာနိုင်ငံမှ Shwe Zee Kwet Food Manufacturing and International Export Co.,Ltd ၊ Golden Myanmar Honey Co.,Ltd နှင့် Salay Shae Saung Co.,Ltd တို့က ၎င်းတို့၏ ထုတ်ကုန်များ ဖြစ်သော Honey Lemon Juice၊ အသင့်စားဆန်ပြုတ်၊ ပျားရည်၊ မန်ကျည်းဖျော်ရည်တို့ ပြသလျက်ရှိရာ ကုန်စည်ပြပွဲသို့ လာရောက်ကြည့်ရှုသူ များက စိတ်ဝင်စားမှုရှိကြောင်း သိရှိရသည်။
အာဆီယံနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများ ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်စေရန်၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်စေရန်နှင့် အာဆီယံ SMEs လုပ်ငန်းရှင်များအကြား ကုန်သွယ်မှု ဆိုင်ရာ အကျိုးကျေးဇူးများ အပြန်အလှန် ရရှိစေခြင်းဖြင့် SMEs လုပ်ငန်းများ တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပ ကြောင်း သိရှိရသည်။
ကုန်စည်ပြပွဲအခမ်းအနားကို ဇွန် ၇ ရက်က ကျင်းပရာ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုရိုး



