မြန်မာနိုင်ငံတွင် ပြည်ပမွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်    စက်တင်ဘာ   ၁၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ  ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ် ပိုးလမ်းမကြီး    ဖော်ဆောင်မှု   (Belt   and    Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက်  သွင်းကုန်နှင့်       ပို့ကုန်အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ      ပူးပေါင်း ဆောင်ရွက်မှုညီလာခံ တက်ရောက်ပြီး စက်တင်ဘာ ၁၈ ရက်က  မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသည်။ 
နန်နင်းမြို့၌  ရောက်ရှိစဉ်  Royal Group နို့နှင့်  နို့ထွက်ပစ္စည်းကုမ္ပဏီ၏ နို့နှင့် နို့ထွက်ပစ္စည်း သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု၊   ဈေးကွက်တင်ပို့မှု   လုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။ အဆိုပါတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏  စတုတ္ထမြောက်အကြီးဆုံး  နို့ထွက် ပစ္စည်းလုပ်ငန်း  လုပ်ကိုင်နေသည့်  Royal  Group Co.,Ltd   သည်   နို့စားကျွဲ    မွေးမြူသည့်အဆင့်မှ ဈေးကွက်တင်ပို့သည့်အဆင့်ထိ       လုပ်ငန်းစဉ်များ ပါဝင်သော  နို့နှင့်  နို့ထွက်ပစ္စည်းစက်ရုံ   ရှစ်ရုံကို ကွမ်ရှီးပြည်နယ်၊   ယူနန်ပြည်နယ်၊  ဟူနန်ပြည်နယ်၊ ဂူဇိုဟူးပြည်နယ်၊    စီချွမ်ပြည်နယ်များတွင်    တည် ဆောက်ထားရှိပြီး    နှစ်စဉ်နို့တန်ချိန်ပေါင်း     တန် ၈၅၀၀၀၀ အသုံးပြု၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။
နှစ်ဦးနှစ်ဖက်အကျိုးရှိသောလုပ်ငန်းဖြစ်
ဆက်လက်၍      စက်ရုံအစည်းအဝေးခန်းမ၌ နန်နင်းမြို့၏    ကီလို   ၅၀၀   ပတ်လည်အတွင်း၌ နို့စားကျွဲ ၂၀၀၀၀ ကျော် မျိုးပွားမွေးမြူထားရှိမှု အခြေအနေ၊ သုံးနှစ်အတွင်း နို့စားကျွဲမျိုး သန္ဓေသား မျိုးချောင်း    တစ်သိန်းကျော်ကို   ပါကစ္စတန်နိုင်ငံမှ တင်သွင်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် အခြေ အနေ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေ၊ မျိုးကောင်းမျိုးသန့်များပွားများ ထုတ်လုပ်မှု နှင့်  တရုတ်နိုင်ငံဈေးကွက်နှင့်  အိမ်နီးနားချင်းနိုင်ငံ ဈေးကွက်များသို့    ဖြန့်ဝေနေမှုတို့ကို   တာဝန်ရှိသူ  များက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး  က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေမြေ  ရာသီဥတု အခြေအနေကောင်းများရှိနေသည့် မိမိတို့ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် ရန်လိုအပ်သည့်     မြေယာအသုံးပြုခွင့်      ရရှိရေးကို တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေး နိုင်ပါကြောင်း၊  နို့စားနွား  မွေးမြူရေးလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးလျက်ရှိပြီး တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံပါက နှစ်ဦးနှစ်ဖက် အကျိုးရှိ သော လုပ်ငန်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ပူးပေါင်းဆောင်ရွက်
မွန်းလွဲပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး      သုတေသနအကယ်ဒမီ (Guangxi Academy of Agricultural Sciences) သို့ ရောက်ရှိရာ သုတေသနခန်းမဆောင်၌ သုတေသန အကယ်ဒမီ ဌာနခွဲ ၁၈ ခုမှ သီးနှံအမျိုးမျိုးကို သုတေ သန ပြုလုပ်နေမှုအခြေအနေနှင့် သုတေသနရလဒ် များ၊  ဒေသတွင်းနှင့်  နိုင်ငံတကာသုတေသနအဖွဲ့ အစည်းများနှင့် လယ်ယာကဏ္ဍသုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်မည့်   အလားအလာများ၊  Young Scientist များကို ဖိတ်ခေါ်၍ သင်တန်းပို့ချပေးနေမှု၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊     စိုက်ပျိုးရေး    သုတေသနဦးစီးဌာန၊  နည်းပညာတက္ကသိုလ် (မန္တလေး) နှင့်  ကွမ်ရှီးကျွမ့်  စိုက်ပျိုးရေး သုတေသနအကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်မှ  ၂၀၂၃ ခုနှစ်ထိ  ငါးနှစ် သက်တမ်းရှိသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ နည်းပညာ နှင့် သုတေသနများ ပူးပေါင်းဆောင်ရွက်မှု  အခြေ အနေ၊    နားလည်မှုစာချွန်လွှာ    သက်တမ်းတိုးမြှင့် နိုင်ရေး     လုပ်ငန်းစဉ်များကို     တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ      ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့်  ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး  သုတေသန  အကယ်ဒမီတို့၏ နားလည်မှုစာချွန်လွှာ သက်တမ်း  တိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်သွားမည့်  အခြေအနေ၊  မျိုးစေ့နှင့်  ဗီဇအရင်း အမြစ်များ အပြန်အလှန်လဲလှယ်ခြင်း၊ စပ်မျိုးပြောင်း မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းတွင် ပူးပေါင်းဆောင် ရွက်သွားရန် ၊ အနာဂတ်တွင် နက်ရှိုင်းသည့် ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်နိုင်မည့် အလားအလာ များကို ဆွေးနွေးပြောကြားခဲ့သည်။
စက်တင်ဘာ    ၁၈   ရက်    နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့အနီး၌ Shai-ghai Pengxin Group  ၏ ၁၃၇ ဧက ရှိ နို့စားနွား မွေးမြူရေးခြံတွင်   နို့စားနွားကောင်ရေ   ၁၀၀၀၀ မွေးမြူထားရှိမှု၊    အစာကျွေးစနစ်များနှင့်    နို့ညှစ် လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍    မြန်မာနိုင်ငံ၌    နွား မွေးမြူရေး လုပ်ငန်းလာရောက်ရင်းနှီးမြှုပ်နှံရန်နှင့်   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်  ရရှိရေး၊ မြေယာအသုံးပြုခွင့်ရရှိရေးအပါအဝင် လိုအပ် ချက်များကို   တည်ဆဲဥပဒေ   လုပ်ထုံးလုပ်နည်းနှင့် အညီ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ များ၊    တရုတ်ပြည်သူ့သမ္မတနိုင်ငံ    အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် ကျွဲနွားတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍ ကျွဲ နွားနှင့် အသားကုန်သွယ်မှု  လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ပါက မိမိတို့နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများ     နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မှု၊  လုပ်ငန်းမြန်မြန်အကောင်အထည်ဖော် ဆောင်ရွက် သွားရန် ၊ လက်ရှိမွေးမြူထားသော ဒေသကျွဲ နွားများ ကို   ပြုန်းတီးမှုမှ   ကာကွယ်နိုင်ရန်နှင့်   စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် တင်ပို့မည့် အရေအတွက် ပမာဏအလိုက်     မွေးမြူရေးခြံများ     တည်ထောင် ဆောင်ရွက်ပြီး ကျွဲ နွား အရှင်နှင့် အေးခဲအသားများ စဉ်ဆက်မပြတ်      ထုတ်လုပ်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
နှစ်ဖက်အကျိုးရှိစေမည့် လုပ်ငန်းများဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည်       နန်နင်းမြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံသို့ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုသော  ကုမ္ပဏီများကိုတွေ့ဆုံ၍      ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊  နည်းလမ်းများနှင့်  နှစ်ဖက်  အကျိုးရှိစေမည့်    ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းဆိုင်ရာများကို      ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                
   

သတင်းစဉ်