
နေပြည်တော် မတ် ၁
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် “Establishment Myanmar National - Level Solar PV Application Promotion and Training Center to Accelerate the capacity building of Deve-lopment of Solar Energy in Myanmar” စီမံကိန်း၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော “Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပ သည်။
အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.Zheng Zhigong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း တို့က အမှာစကား ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းသုံးခုကို အကောင်အထည်ဖော် ဆောင် ရွက်ခွင့်ရခဲ့ပါကြောင်း၊ အဆိုပါ ရရှိခဲ့သော စီမံကိန်းများမှ တစ်ခု ဖြစ်သော “မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင် ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည် အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှု တိုးမြှင့်ရေးနှင့် လေ့ကျင့်ရေး စင်တာ တည်ထောင်ခြင်း” စီမံကိန်း ကို ယနေ့စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း သည် မြန်မာနိုင်ငံတွင် ဆိုလာ လျှပ်စစ်ဓာတ်အားဆိုင်ရာ အသုံးချ အစီအစဉ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် အရှိန်အဟုန်ဖြင့် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံ ရှိ နေရောင်ခြည်စွမ်းအင်သုံး Photovoltaic အသုံးချမှုသမိုင်း တွင် အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်ပါကြောင်း၊ ဤအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ လျှပ်စစ်ဓာတ်အား ဖြန့်ကြက်စနစ် နှင့်စပ်လျဉ်းသည့် အချက်အလက် များ ရရှိစေရန်နှင့် မြန်မာနိုင်ငံ ရှိ နေရောင်ခြည်စွမ်းအင်သုံး Photovoltaic နည်းပညာနှင့် အသုံးချမှုဆိုင်ရာ အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများကို ဆွေးနွေး ရန်တို့ဖြစ်ပါကြောင်း၊ ဤစီမံကိန်း ကို အကောင်အထည်ဖော်ပြီး နောက် ခေတ်နှင့်အညီ နိုင်ငံတကာ ပြန်ပြည့်မြဲစွမ်းအင် နည်းပညာ များ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းနည်းပညာစွမ်းရည်များ ကို ပိုမိုထိရောက်စွာ လေ့ကျင့် သင်ကြားပေးနိုင်ပြီး လေ့ကျင့်မှု အသစ်များ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းစီမံကိန်းသည် လန်ချန်း - မဲခေါင်မြစ်ဝှမ်းရှိ သက်ဆိုင်ရာ နိုင်ငံများအား နိုင်ငံတကာ စွမ်းရည်ဖလှယ်မှုနှင့် သင်ယူမှုများကို ပံ့ပိုးပေးရန် အတွက် ထိရောက်သော ပလက် ဖောင်းတစ်ခုဖြစ်လာမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍“Solar Photo-voltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ” တွင် သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ Inner Mongolia University of Tech-nology မှ Professors များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာ ရပ်ဆိုင်ရာ ပညာရှင်များက Solar Photovoltaic ဆိုင်ရာ နည်းပညာ ရပ်များကို ဆွေးနွေးပြောကြား ကြောင်း သိရသည်။
သတင်းစဉ်