မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်    ဇွန်    ၂၂


မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက် တာဝန်ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်   ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ထို့နောက်       မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက အဖွဲ့သည် မြန်မာနိုင်ငံ တိုင်းရင်း ဆေးကောင်စီ    ဥပဒေနှင့်အညီ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး ကို အစည်းအဝေးသို့ တက်ရောက် လာကြသည့်  ကောင်စီဝင်များ၏ ဆန္ဒမဲဖြင့်  စနစ်တကျ  ရွေးချယ် တင်မြှောက်ကြသည်။ 

 


ယင်းနောက် တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစုစုဒွေးက   အသစ် ရွေးချယ်   တင်မြှောက်ခံရသည့် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့  ဥက္ကဋ္ဌထံသို့ တိုင်းရင်းဆေးကောင်စီ၏ လုပ်ငန်းတာဝန်များကို  လွှဲပြောင်း ပေးအပ်သည်။ 

 


အဆိုပါ အလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲတွင်  ရွေးချယ်   တင်မြှောက်ခံရသည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး မှာ   ဥက္ကဋ္ဌ    ဦးမြင့်ဦး (မန္တလေး တိုင်းဒေသကြီး)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးပေါငြိမ်း (ရန်ကုန်တိုင်းဒေသ ကြီး)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးဝင်း (နေပြည်တော်ကောင်စီနယ်မြေ)၊ အတွင်းရေးမှူး       ဦးဝင်းဇော် (ရန်ကုန်တိုင်းဒေသကြီး)၊ တွဲဖက် အတွင်းရေးမှူး ဦးမောင်မောင်ဦး(ရန်ကုန်တိုင်းဒေသကြီး)၊ ဘဏ္ဍာ ရေးမှူး ဦးထွန်းရွှေ (ရန်ကုန်တိုင်း ဒေသကြီး)၊ စာရင်းစစ် ဦးကြည်ဝင်း (ရန်ကုန်တိုင်းဒေသကြီး)တို့နှင့် အလုပ်   အမှုဆောင်အဖွဲ့ဝင်များ အဖြစ် တိုင်းရင်းဆေးကောင်စီဝင် များဖြစ်ကြသည့်  ဦးဝင်းမြင့်ဦး (မကွေးတိုင်းဒေသကြီး)၊ ဦးတင်ဝင်း (တနင်္သာရီတိုင်း     ဒေသကြီး)၊ ပါမောက္ခ    ဦးအောင်ကျော်မင်း (မန္တလေးတိုင်း       ဒေသကြီး)၊ ဒေါ်ကြည်ဌေး(ကချင်ပြည်နယ်)၊ ဦးဝေဝင်း (နေပြည်တော်ကောင်စီ နယ်မြေ)၊  ဦးတင်သိန်း (ရန်ကုန် တိုင်းဒေသကြီး)၊     ဦးသန်းဦး (ရန်ကုန်တိုင်းဒေသကြီး)     နှင့် ဦးဝင်းစိုး (တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး) တို့ဖြစ်ကြောင်း သိရသည်။

 


မြန်မာနိုင်ငံ   တိုင်းရင်းဆေး ကောင်စီဥပဒေကို  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး      ယင်းဥပဒေ ပုဒ်မ ၆ အရ အဖွဲ့ဝင် ခုနစ်ဦးပါဝင်သော   မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ နာယက အဖွဲ့ကို ၂၀၂၁ ခုနှစ် မေ ၃၀ ရက် တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ     အမိန့်ကြော်ငြာစာ အမှတ် (၁၆၄/၂၀၂၁)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

 

     
မြန်မာနိုင်ငံ  တိုင်းရင်းဆေး ကောင်စီဥပဒေ   ပုဒ်မ ၇ ပုဒ်မခွဲ (က)အရ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ နာယကအဖွဲ့က ဖွဲ့စည်း ထားသည့် အဖွဲ့ဝင် ၄၅ ဦး ပါဝင် သော မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီကို မြန်မာနိုင်ငံ တိုင်းရင်း ဆေးကောင်စီဥပဒေ ပုဒ်မ   ၇၀ ပုဒ်မခွဲ  (ခ) ပါ       လုပ်ပိုင်ခွင့်အရ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။              
   

သတင်းစဉ်