မြန်မာနိုင်ငံတိုင်းရင်း​ဆေး​ကောင်စီ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်​တော်   စက်တင်ဘာ   ၂၃


မြန်မာနိုင်ငံ  တိုင်းရင်း​ဆေး​ကောင်စီအစည်းအ​ဝေး  အမှတ်စဉ်(၁/၂၀၂၂)ကို  ယမန်နေ့က  ​နေပြည်​တော်ဟိုတယ်ဇုန်ရှိ  မန်းမြန်မာ​ဟိုတယ်၌ ကျင်းပသည်။

 


အစည်းအ​ဝေးသို့  မြန်မာနိုင်ငံ တိုင်းရင်း​ဆေး​ကောင်စီနာယက   တိုင်းရင်း​ဆေးပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ်​ ဒေါက်တာစုစု​ဒွေး၊ မြန်မာနိုင်ငံ  တိုင်းရင်း​ဆေး​ကောင်စီဥက္ကဋ္ဌ  ဆရာကြီးဦးမြင့်ဦး၊ ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှု​ဆောင်အဖွဲ့ဝင်များ  တက်​ရောက်ကြပြီး အစည်း အ​ဝေးသို့  ကိုယ်တိုင်မတက်​ရောက်နိုင်သူများက   အွန်လိုင်းမှ   ပါဝင် တက်​ရောက်ကြသည်။

 


ရှေးဦးစွာ အစည်းအ​ဝေးပထမပိုင်းအ​နေဖြင့် တိုင်းရင်း​ဆေးပညာ ဦးစီးဌာန   ညွှန်ကြား​ရေးမှူးချုပ်က   နှုတ်ခွန်းဆက်  သြဝါဒစကား​ပြောကြားရာတွင် အလုပ်ဟူသည် ဂုဏ်ဟုခံယူထားသည့်အတွက် မိမိ တို့ အဖွဲ့အစည်းများအ​နေဖြင့် လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ် ဖြင့်​ ဆောင်ရွက်ပါက အမြဲတမ်းဂုဏ်ရှိ​​​နေမည်ဖြစ်​ကြောင်း၊ တိုင်းရင်း​ဆေး ​လောက ဖွံ့ဖြိုးတိုးတက်​ရန်  အ​ရေးကြီး​ကြောင်း၊  မြန်မာနိုင်ငံတိုင်းရင်း​ဆေး​ကောင်စီ၊  မြန်မာနိုင်ငံ  တိုင်းရင်း​ဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်     ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့ ညီညီညွတ်ညွတ်ဖြင့်  ပူး​ပေါင်း​ဆောင်ရွက်ပါက  မတိုးတက် စရာမရှိပါ​ကြောင်း​ ပြောသည်။

 


ထို့​နောက် အစည်းအ​ဝေး တက်​ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အစည်း အ​ဝေးပထမပိုင်းကို ရပ်နားလိုက်သည်။

 


ထို့​နောက်   အစည်းအ​ဝေးဒုတိယပိုင်းကို  ဆက်လက်ကျင်းပရာ သဘာပတိ   မြန်မာနိုင်ငံ   တိုင်းရင်း​ဆေး​ကောင်စီဥက္ကဋ္ဌ   ဆရာကြီး ဦးမြင့်ဦးက အဖွင့်အမှာစကား​ပြောကြားပြီး  ​ကောင်စီအတွင်း​ရေးမှူး ဆရာဦးဝင်း​ဇော်က အလုပ်အမှု​ဆောင်အဖွဲ့၏ ​ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍   တက်ရောက်လာကြသူများက   ဝိုင်းဝန်းဆွေး​နွေး အကြံပြုကြ​ကြောင်း သိရသည်။                                                                
ထွန်းထွန်း