မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေး

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊   ၆၂   / ၂၀၂၂
၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ   ၂၂  ရက်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်             ဖွဲ့စည်းပုံအခြေခံဥပဒေ   ပုဒ်မ    ၄၁၉     အရ  ဒေါက်တာလင်းအောင် အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ်  ခန့်အပ်တာဝန်ပေး လိုက်သည်။ 
                                

အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး