မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

 

ပဲခူး   ဧပြီ   ၁၀


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို   ပဲခူးမြို့    မြို့တော်ခန်းမ၌   ဧပြီ ၁၀   ရက်    နံနက်က   ကျင်းပရာ တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း     တက်ရောက် ချီးမြှင့်သည်။
ရှေးဦးစွာ “စာပဒေသာ ဝေဆာ စေမည်” Video Clip အား ပြသ သည်။ ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာပေဆိုသည်မှာ မည်မျှပင်      ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ  မဖတ်ရ၊ မလေ့လာရသေးပါက    အသစ် ပင်ဖြစ်ပြီး   ယနေ့ခေတ်လူငယ် များ မသိနိုင်သေးသည့် အကြောင်း အရာများစွာ   ပါဝင်လျက်ရှိကာ စာအုပ်၏     တန်ဖိုးကို   ဖော်ပြ၍ ရသော်လည်း  စာဖတ်သူတို့  ရရှိ မည့်အသိက  တန်ဖိုးဖြတ်၍    မရ ကြောင်း၊   လူငယ်များအပါအဝင် ပြည်သူများ      စာဖတ်ကြစေဖို့ အတွက်  စာပေလေ့လာဖတ်ရှုနိုင် မည့်     ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ပြီး    အသိ ပညာမြင့်မားနိုင်ရေး    စာကြည့် တိုက်များ၏      အခန်းကဏ္ဍနှင့် စာကြည့်တိုက်    ယဉ်ကျေးမှုများ ထွန်းကားလာရေးကို အလေးထား ဆောင်ရွက်သွားရမည်      ဖြစ် ကြောင်း၊   ကျောင်းစာကြည့်တိုက် များ၊   ရပ်ကွက်/ကျေးရွာစာကြည့် တိုက်များ   တိုးပွားရေး၊  ရေရှည် တည်တံ့ခိုင်မြဲရေး     ရှင်သန်ရေး အတွက်    နိုင်ငံတော်၏  အား၊  စေတနာရှင်    အလှူရှင်များ၏  အား၊   စာကြည့်တိုက်ကော်မတီတို့ ၏ အား လိုအပ်ပြီး  စာပေချစ်သူ များက စာကြည့်တိုက်များ ဖွံ့ဖြိုး ရှင်သန်ရေး  ကြိုးပမ်းဆောင်ရွက် သွားရန်  လိုအပ်ကာ  တိုင်းဒေသ ကြီးအစိုးရအဖွဲ့က   ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ အလှူငွေနှင့်   စာအုပ်စာစောင် များကို     စည်ပင်သာယာရေး အဖွဲ့နှင့် စေတနာရှင်ပြည်သူများ ကလည်းကောင်း၊  ခရိုင်စက်မှုဇုန် ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင် များကလည်းကောင်း၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကကလည်းကောင်း၊  တိုင်း ဒေသကြီး     စာကြည့်တိုက်များ ဖောင်ဒေးရှင်း     ဥက္ကဋ္ဌကလည်း ကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများကလည်းကောင်း၊ ဘုရားဂေါပက အဖွဲ့များကလည်း ကောင်း ပေးအပ်လှူဒါန်းကြသည်။ 
ပဲခူးတိုင်းဒေသကြီး    အစိုးရ အဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး  အလှူငွေ ကျပ် ၄၁၃ သိန်းကျော်နှင့် တန်ဖိုး ငွေကျပ်သိန်း ၈၀ ကျော် တန်ဖိုးရှိ သုတ၊ရသ စာအုပ်စာစောင် ၃၀၀၀ စုစုပေါင်းလှူဒါန်းမှု   တန်ဖိုးငွေ ကျပ် ၄၉၄ သိန်းကျော် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)