
လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည်ဆောင်ရွက်ရန် လိုအပ်
ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ်ထားသည့် သတင်းမီဒီယာလောကဖြစ်ပေါ်လာအောင် ဖော်ဆောင်
နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာ ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများ တက်ရောက်ကြ သည်။
ကတိသစ္စာပြု
ဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ သည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက် ခံရသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုသည့် နေ့ဖြစ်သည့်အတွက် သတင်းမီဒီယာ လောကအတွက်သာမက နိုင်ငံတော် အတွက်ပါ ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကောင်စီကို ဒီမိုကရေစီနိုင်ငံအများစုတွင် အသွင်အမျိုးမျိုးဖြင့် တွေ့မြင်ကြရမည် ဖြစ်ပြီး မီဒီယာလောက ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်၏ အင်္ဂါရပ်တစ်ခုဟု ပြောကြရမည်ဖြစ်ပါ ကြောင်း။
ယခုကဲ့သို့ သတင်းမီဒီယာကောင်စီ များကို ဖွဲ့စည်းကြရသည့် ရည်ရွယ်ချက် ကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက သတင်းမီဒီယာ လွတ်လပ်ခွင့်များကို ကာကွယ်ပေးရန်နှင့် သတင်းမီဒီယာ သမားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည် ထားကြပါကြောင်း၊ အမှန်တကယ်တွင် သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမား များ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့် အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာကောင်စီသည် သတင်း မီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန် အတွက် ကူညီဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်း အချက်အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု အသိပေးပြောကြားလိုပါကြောင်း။
စတုတ္ထမဏ္ဍိုင်
လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံသားပြည်သူများ အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး (၃)ရပ်သည် ပြည်သူတစ်ရပ် လုံး၏ အကျိုးစီးပွားကို တည့်တည့် မတ်မတ် ရှေးရှုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းမဏ္ဍိုင်ကြီး(၃)ရပ် အစဉ်အမြဲ တည့်မတ်နေစေရေးအတွက် အရည်အချင်းပြည့်ဝပြီး သမာသမတ် ရှိသည့် မီဒီယာအားလုံးက စောင့်ကြပ် ကြည့်ရှု၍ စေတနာမှန်မှန်ဖြင့် ထောက်ပြ ခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်း စသည် များနှင့် မူလမဏ္ဍိုင်ကြီး (၃)ရပ် မယိမ်း မယိုင်ရအောင် ကျားကန်ထောက်မပေး နေရမည်ဖြစ်ပါကြောင်း၊ ယင်းသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ များ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင် စဉ်ကတည်းက မီဒီယာကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါကြောင်း။
တိုးမြှင့်ဆောင်ရွက်ပေးခဲ့
မိမိတို့အနေဖြင့် သတင်းမီဒီယာ ကောင်စီ၏ အခန်းကဏ္ဍကို အလေးထား သကဲ့သို့ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဆန္ဒပြင်းပြသည် ဆိုသည်ကို မိမိနှင့် သတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံခဲ့မှုများကို ပြန်ကြည့် လျှင် သိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်အမှတ်ရအောင် ပြောကြားရ မည်ဆိုပါက သတင်းမီဒီယာကောင်စီနှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး တပ်မတော် နှင့် သတင်းမီဒီယာသမားများဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေသည့် နိုင်ငံဖြစ်သည်နှင့်အညီ သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးပင်အလေးထားပါ ကြောင်း၊ ထို့ကြောင့်လည်း ပြည်သူက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ အစိုးရ ပထမသက်တမ်းကာလ ၂၀၁၄ ခုနှစ်တွင် စာနယ်ဇင်းလောက ဖွံ့ဖြိုး တိုးတက်ရေး၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်း မီဒီယာဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ အဆိုပါသတင်းမီဒီယာဥပဒေ၏ ရည်ရွယ် ချက်ထဲတွင် “သတင်းမီဒီယာလုပ်ငန်း သည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန်”ဟု အတိအလင်း ဖော်ပြထားသည်ကို ကြည့်ပါက နိုင်ငံတော်၏ သတင်းမီဒီယာလောက အပေါ် လေးစားတန်ဖိုးထားမှု၊ ယုံကြည် အားကိုးမှုအတိုင်းအတာကို သိရှိနားလည် နိုင်မည်ဖြစ်ပါကြောင်း။
မိမိကိုယ်တိုင်လည်း မီဒီယာ၏ အခန်းကဏ္ဍကို အထူးစိတ်ဝင်စားသကဲ့ သို့ မီဒီယာကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ပတ်သက်လျှင်လည်း တတ်နိုင်သည့် ကိစ္စရပ်များအားလုံး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ခြင်းများ ရှိပါကြောင်း၊ သတင်းမီဒီယာလောကကို သတင်း မီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူ လူထု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန်၊ သတင်းနှင့် မီဒီယာအခန်းကဏ္ဍဆိုင်ရာ နည်းပညာ များ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် စေရန်၊ မြန်မာ့မီဒီယာလောကသည် နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူ လေ့လာနိုင်ခွင့် ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးသွား မည်ဟု ပြောကြားလိုပါကြောင်း။
တိုးတက်အောင်ဆောင်ရွက်ပေး
နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ် အတွက် ဖော်ထုတ်ရေးသားပြောဆိုခွင့် ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိက ကျသည့် အခန်းကဏ္ဍကပါဝင်ရုံသာမက ပြည်သူတစ်ဦးချင်းစီအတွက် သိသင့် သိထိုက်သင့်သည့် ဗဟုသုတအချက်လက် များ ဖြန့်ဝေပေးခြင်းအားဖြင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မီဒီယာ သမားများ၏ ဗဟုသုတကြွယ်ဝမှုသည် လည်း အရေးကြီးပါကြောင်း။
ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း ကြောင်း အပါအဝင် နိုင်ငံ၏အခြေအနေ အရပ်ရပ်၊ ကမ္ဘာ့အခြေအနေအရပ်ရပ် များကို သိရှိနားလည်ထားမည်ဆိုပါက မိမိလုပ်ငန်းအတွက် များစွာအထောက်အကူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖတ်ရှုလေ့လာမှတ်သားခြင်းများ အမြဲ ပြုလုပ်နေရန် လိုပါကြောင်း၊ ထိုသို့ လုပ်ဆောင်မှသာလျှင် ပြည်သူကို မျှဝေ နိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေးဝါဒမှိုင်း မမိဘဲ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွ
သို့သော် မျက်မှောက်ကာလ၌ တွေ့ရှိ နေရသည်မှာ ပဋိပက္ခများ၊ သဘောထား ကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင်ရာလေပင့် သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြပါကြောင်း၊ ယင်းအခြေ အနေမျိုးကို ဒီမိုကရေစီအသွင် ကူးပြောင်းစ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အများအပြား တွေ့မြင်နေကြရပါ ကြောင်း။
ထိန်းကျောင်းပြုပြင်
သတင်းမီဒီယာ သမားများသည် သတင်းအချက်အလက်ကို အခြေခံပြီး အမှန်တရားကို ဖော်ထုတ်သူများဖြစ်ရ မည်ဖြစ်ပါကြောင်း၊ သတင်းစာဆရာကြီး ဦးထွန်းဖေက စစ်မှန်သည့် သတင်းမီဒီယာ သမား၊ တာဝန်သိသည့် သတင်းမီဒီယာ သမားများကို တိုင်းပြည်၏ ကြီးလေးသော တာဝန်ကို ထမ်းဆောင်နေကြသည့် “ပြည်ကြီးပခုံး”၊ “ပြည်ကြီးမျက်လုံး” များ ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် ယင်းကဲ့သို့ စစ်မှန်မှုမရှိဘဲ ဘက်လိုက်ရေးသားသည့် သတင်းမီဒီယာ သမားများ၊ ကျင့်ဝတ်သိက္ခာမဲ့သည့် သတင်း မီဒီယာသမားများ၊ နိုင်ငံနှင့် လူမျိုး၏ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတစ်ပါး၏ ကြိုးဆွဲရာရေးသားဖော်ပြနေသည့် မီဒီယာ သမားများ များစွာရှိနေသည့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေ ဖြင့် လိုအပ်သလို ထိန်းကျောင်းပြုပြင် ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။
အခါအခွင့်သင့်သဖြင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ကို အနည်း ငယ်ပြောကြားလိုပါကြောင်း၊ အားလုံး သိကြသည့်အတိုင်း လွန်ခဲ့သည့် ဆယ်နှစ် ကျော်ခန့်က တပ်မတော်က ဦးစီးဦးဆောင် ပြုပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင် စွာ ကူးပြောင်းပေးခဲ့သကဲ့သို့ ဒီမိုကရေစီ စနစ်နှင့် လိုက်ဖက်မည့် အင်စတီကျူးရှင်း များကိုလည်း စနစ်တကျဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ သည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်သော်လည်း အများစု သည် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု (Democratization) ကို ကွဲကွဲပြားပြား နားလည်သိရှိရန် လိုအပ်နေပါကြောင်း။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထု အုပ်ချုပ်သည့်စနစ်ဟု အလွယ်ပြောနိုင် သော်လည်း ယင်းစနစ်ကို ကျင့်သုံး ဆောင်ရွက်ရန်အတွက် Democratization ဟု ခေါ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်း ကြသည့်အခါ ချက်ချင်းလက်ငင်း ပြီးပြီးရော ပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့် ကူးပြောင်းရသည်ကို Democratization ဟု ခေါ်ဆိုကြခြင်းဖြစ်ပါကြောင်း။
အခြေခံစဉ်းစား
ကမ္ဘာ့နိုင်ငံအသီးသီးတွင် Democra- tization ပုံစံမျိုးစုံရှိကြသော်လည်း မိမိတို့ နိုင်ငံ၏ ကူးပြောင်းမှုပုံစံသည် တိုင်းပြည်၏ ပကတိအခြေအနေနှင့် လူမှုစီးပွား ဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်း တစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး ဓလေ့ ဖွံ့ဖြိုးမှုများအပေါ်တွင် အခြေခံ စဉ်းစားပြီး နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီပြီး ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကူးပြောင်းပေးခဲ့သည့် ဖြစ်စဉ်ကြီးဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခု ဖြစ်သည် ဆိုသည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက် ကြသည့် ပုဂ္ဂိုလ်များအားလုံး သိရှိထား ကြပြီးဖြစ်ပါကြောင်း။
ယနေ့အချိန်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ် ကို တပ်မတော်အား လွှဲအပ်တာဝန်ပေး ချက်အရ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူပြီး ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ် လုပ်ဆောင်နေပါကြောင်း၊ ယင်းလုပ်ငန်း စဉ် (၅)ရပ်သည် မိမိတို့နိုင်ငံ၏အခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ် များဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်သည်ကိုလည်း အသိပေးပြောကြား လိုပါကြောင်း။
ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်း သော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင် ဆောင်ရွက်ပေးနေချိန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခြေအနေတွင် ပြည်ပပယောဂ အနှောင့်အယှက်များ ကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရား ဥပဒေဘောင်အတွင်းက အေးချမ်း တည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ ဆူပူအုံကြွမှုများကို ဖန်တီးပြီး အကြမ်းဖက်လမ်းစဉ်များဖြင့် တိုင်းဖျက် ပြည်ဖျက် ဆောင်ရွက်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင် ဟန့်တားပေးကြရန် လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း။
သတင်းမီဒီယာဥပဒေပါ သတင်း မီဒီယာကောင်စီ၏ အဓိကလုပ်ငန်းစဉ် များကို ပြန်ကြည့်မည်ဆိုပါက ဥပဒေနှင့် အညီ လွတ်လပ်စွာ ရေးသားဖြန့်ချိခွင့်၊ ထုတ်လွှင့်ရရှိရေးကို ဆောင်ရွက်ပေးခြင်း၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ် များကို လိုက်နာခြင်းမရှိသော စာနယ်ဇင်း သမားများအား အငြင်းပွားမှုနှင့် တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းရေးကော်မတီ က သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန် များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/ မရှိ စိစစ် ခြင်း၊ ကောင်စီဝင်အားလုံး တက်ရောက် သော နှစ်ပတ်လည်အစည်းအဝေး အစီရင် ခံစာပြုစုခြင်း၊ ဘဏ္ဍာရေးကိစ္စ ညှိနှိုင်းခြင်း တို့ကိုပြုလုပ်ပြီး နိုင်ငံတော်အကြီးအကဲထံ အစီရင်ခံစာတင်ပြခြင်း၊ ကောင်စီဝင် အားလုံးပါဝင်သော အစည်းအဝေးကို အနည်းဆုံး နှစ်လတစ်ကြိမ် ကျင်းပခြင်း ဟူသည့်အချက်များကို တွေ့ကြရမည် ဖြစ်ပါကြောင်း။
ယခုဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် စာနယ်ဇင်း ဆိုင်ရာ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ ပါဝင်ကြသည့် အတွက် သတင်း၊ သတင်းမီဒီယာလောက အကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို အောင်မြင်အောင် ဖော်ဆောင် နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။
မိမိအနေဖြင့် မှာကြားလိုသည်မှာ သတင်းမီဒီယာလုပ်ငန်း၊ စာနယ်ဇင်း လုပ်ငန်းများသည် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေရဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုး အတွက်သာ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ စာနယ်ဇင်းသမားတစ်ဦးချင်း၏ ပုဂ္ဂလ ဓိဋ္ဌာန်ဖြစ်ပေါ်မှုများမှ ဓမ္မဓိဋ္ဌာန်ဖြစ်မှုကို ပြောင်းလဲလုပ်ဆောင်သွားကြရန် အထူး လိုအပ်လှပါကြောင်း။
အကျိုးရှိစွာ အသုံးပြု
ယနေ့ခေတ်တွင် မီဒီယာကဏ္ဍကို ပြောမည်ဆိုပါက သမားရိုးကျမီဒီယာ (Traditional Media) ဟု ပြောရမည် ဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာအပါအဝင် ပုံနှိပ်မီဒီယာများ သာမက မီဒီယာအသစ်(New Media)ဟု ခေါ်နေကြသည့် လူမှုမီဒီယာကွန်ရက် (Social Media)များ၏ အချိန်တိုအတွင်း၌ တွင်တွင်ကျယ်ကျယ် ထိရောက်ပျံ့နှံ့လာမှု ကိုလည်း အကျိုးရှိစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ များကို ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာများ၊ အတွေးအခေါ်များရှိစေရန် နှင့် လူငယ်လူရွယ်အားလုံး ပညာရေး လမ်းကြောင်းပေါ်တွင် ကောင်းမွန် မှန်ကန်စွာ ရပ်တည်နိုင်ပြီး ခေတ်ပညာ တတ် လူငယ်များဖြစ်အောင် ဆောင်ရွက် ကြရာတွင် မီဒီယာများ၏ပံ့ပိုးမှု၊ စေ့ဆော် မှု၊ တိုက်တွန်းမှု၊ လမ်းညွှန်ပြသမှုများသည် ထိရောက်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အသိပေးပြောကြားလို ပါကြောင်း၊ ယနေ့အချိန်အခါတွင် လူငယ်များအားလုံး ပညာတတ်ဖြစ်စေရေး သည် နိုင်ငံအတွက် အထူးအရေးကြီးသည့် အချိန်ဖြစ်သည်ဟု ပြောလိုပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများအနေဖြင့် ပစ္စုပ္ပန် ကာလတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုး စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မီဒီယာ၏အခန်းကဏ္ဍသည် အဓိကထောက်တိုင်ကြီးတစ်ခု ဖြစ်နေ သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အနာဂတ်ကိုဦးဆောင်မည့် မျိုးဆက်များကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်များရှိသည့် ပညာတတ် မျိုးဆက်များအဖြစ် ပြုစုပျိုးထောင်ပေး နိုင်ရေးသည်လည်း ပဓာနကျသည့် မဏ္ဍိုင်ကြီးတစ်ခု ဖြစ်နေသည်ဟု ပြောကြားလိုပါကြောင်း။
သတင်းမီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရန်အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကြီး အားကောင်း မောင်းသန်နေရန် လိုအပ်ပါကြောင်း၊ သတင်းမီဒီယာကောင်စီ တည်ရှိနေခြင်း သည် သတင်းမီဒီယာသမားများ၏ အခွင့် အရေးနှင့် အကျိုးစီးပွား၊ ပြည်သူလူထု၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဦးထိပ်ထားသည့် သတင်းမီဒီယာလောက ဖြစ်ပေါ်လာ အောင် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းကင်း၊ အနှောင် အဖွဲ့ကင်းကင်း၊ အရောင်အသွေးကင်းကင်း နှင့် သတင်းမီဒီယာလောကအကျိုးကို ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ သတင်းတု၊ သတင်းမှားများ၊ အမုန်းစကား များ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်သက်စေရန်၊ ဆူပူအုံကြွ စေရန် သွေးထိုးလှုံ့ဆော်ထုတ်လွှင့်မှုများ မပြုလုပ်ကြရေး ဝိုင်းဝန်းဆန့်ကျင် တားမြစ် ပေးကြရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ် သိက္ခာ စောင့်စည်းပေးရန်နှင့် စည်းကမ်းဥပဒေ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ထိန်းကျောင်း ပေးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ကောင်စီအဖွဲ့ဝင်များသည် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်