မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်

 

ကြေညာချက် (၅ / ၂၀၂၂)


၂၀၂၂ ခုနှစ်၊  စက်တင်ဘာလ  


၃၀ ရက်၊  သောကြာနေ့

၁။    ယနေ့နံနက်ပိုင်းက ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန်  ခရီးစဉ်ကို    ပြေးဆွဲနေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင်  လေယာဉ်တစ်စင်း လွိုင်ကော်လေဆိပ်သို့  ဆင်းသက်စဉ်  အကြမ်းဖက်သမားများက လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

 

၂။     အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် (၆၃)ဦး လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် လေယာဉ်ဝမ်းဗိုက်သို့ ထိမှန်ကာ ခရီးသည်တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။

 

၃။     ယခုကာလသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်း ရေး၊   စစ်မှန်၍   စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ်ကို  အခြေခံသည့်   ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ကာ နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူအားလုံးတို့ ပူးပေါင်းဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ပါသည်။

 

၄။     ဤသို့သောအချိန်ကာလတွင်  နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို  ပျက်ပြားစေရန်  ရည်ရွယ်လျက် ပြည်သူများ၏ စိတ်အေးချမ်းသာစွာ ခရီးသွားလာမှုများကို နှောင့်ယှက်လိုသည့်သဘောဖြင့် လက်နက် ကိုင် အကြမ်းဖက်သူများ၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက် ထားပြီး တိုက်ခိုက်ပစ်ခတ်မှုများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ  ရှုတ်ချကန့်ကွက်ပါကြောင်း နှင့် လုံးဝလက်မခံနိုင်ပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ