
ရန်ကုန် ဩဂုတ် ၁၇
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စီ၏ ဖွဲ့စည်းပုံပါ လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆွေးနွေး သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လပတ် အစည်းအဝေး (၄/၂၀၂၃) ကို ရန်ကုန်မြို့ ကုန်သည် လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကောင်စီဝင် ၁၈ ဦး တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က အမှာစကားပြောကြားပြီး တက်ရောက်လာ သော ကောင်စီဝင်များက အသီးသီးဆွေးနွေးတင်ပြ ကြသည်။ အဆိုပါ အစည်းအဝေးတွင် ဇူလိုင် ၂၆ ရက် တွင် နေပြည်တော်၌ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး ကျင်းပသည့် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ ရလဒ် (၁၆)ချက်ကို ဦးတည်ဆွေးနွေးကြပြီး အဆိုပါ ဆုံးဖြတ်ချက်ရလဒ်များကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေး၊ သတင်းမီဒီယာလုပ်ငန်းဆိုင်ရာ ကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပြီး ဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးကာ သတင်းမီဒီယာလုပ်ငန်းများကို မိမိတို့ ကောင်စီအနေဖြင့် တက်ညီလက်ညီဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်