မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

 

ရန်ကုန်    စက်တင်ဘာ    ၁၂


အင်ဒိုနီးရှားနိုင်ငံ        ဂျကာတာမြို့၌   စက်တင်ဘာ  ၆  ရက်က ကျင်းပသော   ASEAN    Indo   Pacific   Forum    ၏  Business Matching သို့  မြန်မာ၊ ဘရူနိုင်း၊ ထိုင်း၊  မလေးရှား၊  ဖိလစ်ပိုင်နှင့်  အင်ဒို နီးရှားနိုင်ငံတို့မှ   ကိုယ်စားလှယ်များက မိမိတို့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန်       Project Proposal Presentation များ ပြုလုပ် ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်က  မြန်မာနိုင်ငံ     ဗမာတိုင်းရင်းသား     လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝ က "Interna-tional Fishing  Port Development at Southern    Myanmar"   ခေါင်းစဉ်ဖြင့် Project Proposal အကြောင်း ရှင်းလင်း တင်ပြ၍ မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။
Project   Proposal  ရှိရာ  မြိတ်မြို့ သည်    ကျွန်းပေါင်း   ၈၀၀   ကျော်နှင့်  အမျိုးမျိုးသော      ရေထွက်ပစ္စည်းများ  ပေါကြွယ်ဝသည့်    အန်ဒမန်ပင်လယ် (ရေမျက်နှာပြင်    ၆၀၀,၀၀၀    စတုရန်း ကီလိုမီတာ) ၏  အချက်အချာကျ‌သော   နေရာတွင်  ရှိပါကြောင်း၊  Project  ၏ Industrial Land ဧရိယာအကျယ်အဝန်း မှာ ၁၀၃ ဧက ရှိပါကြောင်း၊ အာရှ၏ Main Fisheries Hub ဖြစ်လာနိုင်ပါကြောင်း၊     Project Development Time Line မှာ ၃ - ၅ နှစ် ဖြစ်ပါကြောင်း၊  Cold Storage   Factory   (3,000~5,000 MT),  Value-added Canning Factory, Packaging Factory, တစ်ချိန်တည်းတွင်  ရေထွက် ပစ္စည်းများ အတင်အချပြုလုပ်နိုင်သည့်     Fishing  Vessel (၃၀ - ၅၀) ဆံ့ Shipyard နှင့် Power Plant တည်ဆောက်ခြင်း များတွင်   လာရောက်   ရင်းနှီးမြှုပ်နှံရန်   ဖိတ်ခေါ်ပါကြောင်း၊ အရင်းကျေကာလမှာ ယေဘုယျအားဖြင့်   ၅-၇   နှစ်    ဖြစ်ပါ ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း  သိရသည်။          

သတင်းစဉ်