မြန်မာနိုင်ငံသို့ AHA Center မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄ မြန်မာနိုင်ငံသို့ အာဆီယံလူသား ချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးကို လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ကျင်းပ ခြင်းဖြစ်ပြီး ဒုတိယဥက္ကဋ္ဌများဖြစ် သည့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင် နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံ ၏ လူသားချင်း စာနာထောက် ထားမှုအကူအညီများ ပထမ အဆင့် ကူညီပံ့ပိုးမှုသည် အသက် ကယ်ဆယ်မှုအကူအညီများဖြစ် သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အထောက်အပံ့ဆိုင်ရာ အကူအညီများ ဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အဖြစ် အသက် တည်မြဲရေးကူညီပံ့ပိုးမှုများ ဖြစ် သော လူသားချင်းစာနာထောက် ထားမှုအကူအညီများဖြင့် စတင် တော့မည်ဖြစ်ကြောင်း၊ ပထမ အဆင့် အကူအညီများ လက်ခံ ရရှိစဉ်က အမှန်တကယ် လိုအပ် နေသည့် ပြည်သူများထံသို့ ရောက်ရှိဖြန့်ဖြူးနိုင်ရေး သက်ဆိုင် ရာ ဌာနအသီးသီးမှ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သကဲ့သို့ပင် ဒုတိယအဆင့် ကူညီပံ့ပိုးမှုများ သည် ပိုမိုကျယ်ပြန့်သည့်အတွက် ယခုထက်ပို၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပထမအဆင့် ကူညီပံ့ပိုးမှုများနှင့် ပတ်သက်၍ နိုင်ငံတော် မူဝါဒလမ်းစဉ်များနှင့် အညီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ အဆင်ပြေချောမွေ့စွာဖြင့် လက်ခံ ရယူခဲ့ပြီး ဖြန့်ဖြူးပေးဝေရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် လှူဒါန်းသည့် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များအပေါ် မူတည် ၍ ခွင့်ပြုချက်ရယူကာ ဖြန့်ဝေပေး မှုများလည်းရှိပါကြောင်း၊ အမှန် တကယ်လိုအပ်နေသည့် ပြည်သူ များအတွက် အကျိုးရှိစေမည့် ဆေးဝါးများ လက်ခံရရှိရေးအတွက် လည်း လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်နေပါကြောင်း ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဒုတိယအဆင့် ကူညီပံ့ပိုးမှုများနှင့် ပတ်သက်၍ ယခင် အတွေ့အကြုံကောင်းများ ကို အခြေခံကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုတိယအဆင့် ကူညီ ပံ့ပိုးမှုများ လက်ခံ၊ ဖြန့်ဖြူးရာတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများ အတွက်လည်း ကြိုတင်ပြင်ဆင် ကာ အမှန်တကယ် လိုအပ်နေသူ များထံ ဖြန့်ဖြူးပေးနိုင်ရေး အစီ အစဉ်များ ချမှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်း အဖွဲ့ (Task Force)အဖွဲ့ဝင်များ က ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြု သုံးသပ်တင်ပြကာ ဖြည့်စွက်ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်