မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်    စက်တင်ဘာ    ၁၉


မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ရေရှည်တည်တံ့ စေရန်အတွက် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု ချဲ့ထွင်ခြင်း စွမ်းဆောင်ရည်    မြှင့်တင်ခြင်းဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲကို    ယနေ့နံနက်ပိုင်းက   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး   ဦးမြင့်စိုး၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နေပြည်တော် MSME Association မှ တာဝန်ရှိ သူများ၊   ဘာသာရပ်ဆိုင်ရာ    ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများ၊ နေပြည် တော် ကောင်စီနယ်မြေရှိ MSME လုပ်ငန်းရှင်များက  in person    တက်ရောက်ကြပြီး    တိုင်းဒေသကြီး/ ပြည်နယ်များရှိ   အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အရာထမ်းများနှင့် MSME လုပ်ငန်းရှင် များက Online ဖြင့် တက်ရောက်သည်။
ဦးစွာ     ပြည်ထောင်စုဝန်ကြီးက    အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်း များသည်  နိုင်ငံ့စီးပွား  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေ၍ သက်ဆိုင် ရာ ဌာနများအနေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက် ရရှိရေး တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊    မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနှင့်   အသေးစား   စက်မှုလက်မှု လုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ စေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို  အထောက်အကူဖြစ်စေရန်ဆိုသည့် ဝန်ကြီးဌာန၏   မျှော်မှန်းချက်နှင့်အညီ    ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊  အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများ        ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသိပညာပေးခြင်းနှင့် စက်မှုလက်မှုဆိုင်ရာ ထုတ်ကုန် ပစ္စည်းပြပွဲ၊    နည်းပညာဆွေးနွေးပွဲတို့ကို   အခါ အားလျော်စွာ အကောင်အထည်ဖော်    ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာများ  တိုးတက်လာစေရန်၊  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်ချိတ်ဆက်ဆောင်ရွက် မှု၏ အရေးပါမှုကို သိရှိနားလည်စေရန်နှင့် MSME  လုပ်ငန်းများ   ဖွံ့ဖြိုးလာစေရန်အတွက်  သင့်လျော် သည့် Platform များမှတစ်ဆင့် မဲခေါင် - လန်ချန်း ဒေသတွင်း   နိုင်ငံများအပါအဝင်   နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဈေးကွက်ကျယ်ပြန့်စွာ ဆောင်ရွက်လာ နိုင်စေရန်  ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒစ်ဂျစ်တယ်ဆိုင်ရာ နည်းပညာရှင် များဖြစ်ကြသည့် ဦးမျိုးမင်းဦး (ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်) က Introduc-tion of MSMEs Digitalization Tech and Trend နှင့် Emerging up for MEMEs Resilience ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးထိန်လင်းအောင် (နည်းပညာအကြံ ပေး) က Emerging Digital Tools, Digital Security, Digital Financing နှင့် Building MSMEs digital network  ခေါင်းစဉ်ဖြင့်   လည်းကောင်း   ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြသည်။
ယင်းနောက်   အခမ်းအနား   ဒုတိယပိုင်းတွင် ဦးဆောင်ဆွေးနွေးပေးကြသည့်   ပညာရှင်များကို အသေးစားစက်မှုလက်မှု       လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်