မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် 
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း


၁။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ယခင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး    ညွှန်ကြားရေးမှူးချုပ်   ဦးသန်းဇော်  ကို   စွမ်းအင်ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထား လိုက်သည်။

 

၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာန၊   တောင်ကုတ်တက္ကသိုလ်  ပါမောက္ခချုပ် ‌ ဒေါက်တာသန်းထွဋ်လွင် ကို အစမ်းခန့်ကာလ (၁)နှစ်ပြည့် မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။