မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီသည်     ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊   ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါက်တာမာလာမျိုးညွန့်ကို     နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။