မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်
၁။    မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ၁၅.၄.၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များ အပါအဝင် ပြည်သူများ ရေကစားနေစဉ် အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
၂။    ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သောနေရာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့်  ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာသို့ Drone တစ်စီးဖြင့် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခြင်း အား မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။ 
 မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)