မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်   မတ်   ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊   ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်    မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ     တို့ အကြား နှစ်နိုင်ငံကုန်သွယ်မှုနှင့်  စီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက်    ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ရန်    ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 
တွေ့ဆုံပွဲသို့    မြန်မာနိုင်ငံ တော်     ဗဟိုဘဏ်မှ    ဒုတိယ ဥက္ကဋ္ဌများ၊    အမြဲတမ်းအတွင်း ဝန်နှင့်      ဌာနဆိုင်ရာ     အကြီး အကဲများ     တက်ရောက်ကြ သည်။ 
သတင်းစဉ်