
နေပြည်တော် စက်တင်ဘာ ၂၀
မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန် တက္ကသိုလ်တို့ ပူးပေါင်းလျက် “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ် အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည်။
စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ပါမောက္ခ များ၊ ပါရဂူဘွဲ့ကြိုတန်းနှင့် မဟာတန်းတက်ရောက် နေသည့် ကျောင်းသူများ၊ မြန်မာ့ရေးရာလေ့လာရေး ဌာန ယူနန်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပီကင်း တက္ကသိုလ်၊ ရှာမန်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့် သုတေသီများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနှင့် တရုတ်နှစ်နိုင်ငံမှ ပညာရှင် များနှင့် သုတေသီ ၁၈ ဦးတို့က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ လေ့လာသုတေသနပြု ရေးသားထား သည့် စာတမ်းများကို ဖတ်ကြားတင်ပြကြသည်။
သတင်းစဉ်